အပိုင်း(၃၆)

2K 224 9
                                    

Unicode

ဦးခင်မောင်ရဲ့အကူအညီတွေကြောင့်လိုအပ်တာတွေကို အလွယ်တကူလေးစုံစမ်းလို့ရနိုင်ခဲ့သည်။ ဦးခင်မောင်ဟာ ဘာကြောင့်လူလုံးထွက်မပြလဲဆိုတာ ညို့တင်မဟုတ် ဘယ်သူမှမသိကြရပေ။ ဒီလိုကူညီနိုင်တဲ့လူတစ်ယောက်ညို့တို့ဘက်ရှိနေတာနဲ့တင် အားဖြစ်စေခဲ့သည်။ ညို့စိတ်ထဲမျှော်လင့်ချက်လေးဟာ အဖေ့ကိုရှာတွေ့ခဲ့ဖို့ဆိုပေမယ့် မျှော်လင့်ချက်လေးပျက်စီးသွားတော့လည်း လမ်းတော့ပျောက်မသွားခဲ့ပါ။ ဆက်သိချင်ခဲ့တာ အဖေဘယ်နေရာမှာများ အသက်ဆုံးခဲ့ရပါလိမ့်။

သက်ပြင်းတွေ လုံးဝမှုတ်ထုတ်ရင်း ကုတင်ထက် အိပ်မောကျနေခဲ့တဲ့ မိန်းကလေးဆီ ငေူနေခဲ့မိသည်။ အပူအပင်ကင်းကင်းနေနေတဲ့ မယ့်လိုမိန်းကလေးရဲ့ဘဝထဲကို ညို့အပူအပင်တွေများ သယ်လာမိတော့မလားမသိ။ ဖုံးကွယ်ထားလည်း သိသွားမှာဆိုပေမယ့် တတ်နိုင်သလောက်အထိအချိန်ဆွဲဆန့်ပြီးမသိစေချင်ပါ။ ပျော်နေတတ်တဲ့ပုံရိပ်ကလေးမပျက်ယွင်းပဲ အမြဲထာဝစဉ်တည်တံ့စေချင်တာ မယ့်အပေါ်ထားတဲ့ တစ်ခုတည်းသော အတ္တလေး။ သက်ပြင်းခဏခဏမှုတ်ထုတ်လို့ အသက်တိုရကြေးဆို ဒီကမ္ဘာမှာ အသက်အတိုဆုံးဟာ ညို့ဖြစ်နေလောက်မည်။ အိပ်မရမယ့်အတူ သစ်သားကုလားထိုင်ပေါ် ခြေချိတ်ထိုင်ရင်း ကူတင်ထက်ကမိန်းကလေးကိုငေးလိုက်၊ ‌ပေါင်ပေါ်ကစာအုပ်လေးထဲ ချရေးလိုက်နဲ့ ဒီညလည်းမအိပ်ရပဲမိုးလင်းဦးမယ်နဲ့တူပါသည်။

မျက်လုံးပေါ်ကျရောက်လာတဲ့အလင်းရောင်ခပ်စူးစူးကြောင့် လှုပ်လီလှုပ်လက်နိုးလာခဲ့သည်။ မျက်လုံးတွေကိုဖွင့်ဖို့အရေးထက် လက်တစ်ဖက်ကအရင်လူရှာနှင့်နေပြီ။ အေးစက်စက်နေရာအလွတ်လေးကိုသာတွေ့တော့ မျက်လုံးတွေကတုံ့ဆိုင်းခြင်းမရှိပွင့်ဟကုန်သည်။ ချက်ချင်းဆိုသလို မျက်ခုံးတွေတွန့်ချိုးလို့ နှုတ်ခမ်းဖူးဖူးတွေဟာ စူနေသယောင်။ ဒီအခိုက်အတန့်ကိုရပ်တန့်စေတာက တစ်ဖက်လှည့်လိုက်ချိန်တွေ့လိုက်ရတဲ့ကုလားထိုင်ပေါ်ကစာအုပ်ကလေးပင်။ စိတ်ဝင်စားမိသွားပေမယ့် ညို့ဆီကအသိပေးခြင်းမဟုတ်တာကြောင့် ဖွင့်ထားလက်စစာအုပ်လေးအား ပိတ်ထားပစ်ခဲ့သည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now