အပိုင်း(၇)

2.6K 298 7
                                    

Unicode

အာမေဋိတ်အသံကတော်တော်ကျယ်သွားဟန်တူပါသည်။ ခန်းမထဲဆူညံနေတာတောင် သူတို့ကိုကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်နေသူတွေရှိနေသည်။

“ဖြေးဖြေးအော်ပါ မယ်ရှင်လည်းပြီးပြီဆိုတော့ ငါတို့ library သွားရအောင် ‌အဲ့မှာပြောပြမယ်”

“အေးပြီးရော”

ဆလွန်းကားအနက်ရောင်ပေါ်ဝယ် မိန်းမချောလေးယောက်သည် လှပတင့်တယ်စွာ လိုက်ပါသွားချေပြီ။ library နှင့်သိပ်မဝေးတော့ သိပ်မသွားလိုက်ရ။

“နေဦး ငါမှာဦးမယ် နင်တို့နှစ်ယောက်လုံးအလန့်တကြား ထမအော်နဲ့နော်”

“ဘာလို့လဲ”

“စာကြည့်တိုက်မှူးမောင်းထုတ်လိမ့်မယ်”

သွယ့်ရဲ့စကားကြောင့် မယ်ရှင်ခေါင်းလေးပုခနဲ။ စကားဆက်ဖို့ရာသာ မျှော်လင့်တကြီးဖြစ်နေခဲ့သည်။သူသိချင်တဲ့အကြောင်းတွေက အဖေအရင်းဖြစ်သူ၏အကြောင်းတွေဆိုတာတော့ သူမပြောဝံ့ပါ။ တကယ်လို့ သိသွားကြရင်ရော သူ့ကိုအခုလို ဆက်ခင်ကြမည်လား။ ‌ရွံသလိုပဲကြည့်ကြမလား။ ဒါတွေကြားမှာ မနေရဖို့ ဖုံးထားလိုက်တာပဲ ကောင်းမှာပါ။

“ဒီလိုဟ ငါတို့ကျောင်းမှာ ပညာရေးနဲ့ပတ်သတ်လို့ ကူညီမယ်တဲ့ ပြီးတော့ သူ့အတတ်ပညာဆိုင်ရာဥပဒေလမ်းကြောင်းတွေကို ကလေးတွေနဲ့ဆွေးနွေးချင်တယ်တဲ့”

“ဥပဒေဆိုတော့ ငါတို့အတန်းပေါ့”

မှိုင်းတစ်ယောက်မဲ့ပြုံးတစ်ချက်ကို သီထားသလို။ အဲ့ဒီမဲ့ပြုံးတွေကို ဝမ်းနည်းရိပ်သန်းသန်းဖြင့်ကြည့်နေခဲ့တဲ့ မျက်ဝန်းတစ်စုံကလည်း ရှိနေခဲ့ပါသည်။

“အေး အကျင့်ပျက်ချစားနေတဲ့လူတစ်ယောက်က ဘာတွေများပညာပေးမလဲလို့ သိပ်သိချင်နေပြီ အဟက်”

“မယ်ရှင်”

“....”

“ဟဲ့မယ်ရှင်!”

“ဟင်”

ကယောင်‌ခြောက်ခြားနဲ့ဘေးကမိန်းကလေးကို ကြောင်ငေးမိနေသည်။ ဘာလို့ ကြောက်နေတယ်လို့ ခံစားနေရပါလိမ့်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now