အပိုင်း(၁၇)

2.3K 256 11
                                    

Unicode

နေ့လည်နားချိန်ရောက်တော့ မနေနိုင်သောခြေလှမ်းတွေဟာ တစ်စုံတစ်ယောက်ရဲ့ပြောစကားအတိုင်း ဝေသာလီဆောင်သို့ဦးတည်တယ်။ အဆောင်ရှေ့တွင်သာရပ်နေ‌လိုက်ရင်း မျှော်တော်ယောင်ဖြစ်ရပြန်ပါတယ်။

"ညို့ ငါ့လာခေါ်တာလား"

"မဟုတ်ဘူး"

"ညာပြန်ပြီ"

ညာလိုက်တိုင်း ဒီမိန်းကလေးဆီမှာပဲ အမြဲပေါ်ရသည်။ရှက်မိတဲ့စိတ်က နမော်နမဲ့ရဲ့အမေးစကားတွေကို ဘုနဲ့ဘောက်ပြန်ဖြေရင်းပဲ မေးခွန်းတွေကိုကုန်ဆုံးစေလိုက်သည်။

"အယ်ဝါး သွယ့်ကိုစောင့်မယ်လေ"

"သူငါ့ကိုခေါ်ချင်မယ်ထင်လို့လား"

"နင်ကလည်း"

"သွယ့်ကိုလွှတ်ထားပေးလိုက်ပါ"

အမြဲတတွဲတွဲနေခဲ့သူတွေမို့ တစ်ယောက်အနားမှာမရှိတော့ ဟာတာတာ။ ခုဟာက ရှိရက်နဲ့ ။ နီးလျက်နဲ့ဝေးနေတာဟာ သူတို့နှစ်ယောက်ပဲ ဖြစ်ပေလိမ့်မည်။

ညို့တစ်ယောက်ကတော့ အရှေ့ကခပ်မှန်မှန်လျှောက်ရင်း ဦးချစ်ဆိုင်သို့သာ။ လျှောက်နေသောခြေလှမ်း‌တို့အားရပ်တန့်စေသော အရာဟာ သူ့မျက်စိရှေ့ကို ရောက်ရှိလာသည်။

"တီ တီ!"

"လာပြန်ပြီ"

မကျေမချမ်းသော အသံနှင့် မျက်နှာလွှဲကာ ဆုပ်တစ်ချက်သတ်လိုက်ရင်း ပြောလာသည်။ ရပ်လာသောကားဆီမှ လူရွယ်တစ်ယောက်ဆင်းလာကာ သူတို့ဆီခပ်မှန်မှန်လျှောက်လာသည်။

"မယ်ရှင် ဘယ်လိုဖြစ်တာလဲကွာ ခြေထောက်က"

မူယာမာယာဆိုတာ မိန်းမတွေမှာပဲရှိတာမဟုတ်မှန်း သဘောပေါက်သွားရသည်။ အပေါ်ယံအ‌ရောင်ဖုံးတွေ။ဒါပေမယ့်လည်း ရပ်ကြည့်နေရုံကလွဲ ဘာမှမတတ်နိုင်တဲ့အခြေအနေ။

"မတော်တဆပါ ကိုဥက္ကာရယ်"

"ကားရောမပါဘူးလား"

"အင်းဟုတ်တယ် မနက်ကအစ်ကိုလိုက်ပို့တာမို့လေ"

"ဒါဖြင့် ကိုယ်လိုက်ပို့ပေးမယ် အတန်းဖျက်လိုက်တာမဟုတ်ဘူး"

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now