အပိုင်း(၄၄)ဇာတ်သိမ်းပိုင်း

5.4K 319 27
                                    

Unicode

တစ်ချိန်ကပိုင်ဖူးတဲ့နာမ်ကလေး အနားတစဖန်ပြန်ရောက်လာတော့ လိုချင်တဲ့စိတ်နဲ့ မရယူရဲ့တဲ့စိတ်တို့ တိက်ခိုက်ရပြန်သည်။ ဘာတွေကများ ညို့ဆိုတဲ့မိန်းမကို ဆုံးဖြတ်ချက်တွေခက်ခဲသွားစေသလဲ။ ဘယ်လိုလွန်ဆွဲဆွဲ ဒီမိန်းကလေးကိုပိုင်ချင်စိတ်ကသာ တစ်ဗန်းသာခဲ့၏။ စိတ်တွေရဲ့ဆွဲဆောင်မှုမှာ ဒီမိန်းကလေးကပဲအမြဲနိုင်ခဲ့သည်။ အံ့ဩလောက်ပါရဲ့မယ်။

"မမလေး ရုံးသွားရင်လေ ထမင်းခြင်းအသင့်ပဲနော်"

ပေါ်လာတဲ့ လှိုင်းရာအသံကြောင့် အတွေးတို့လက်စဖြတ်ရင်း လှေကားမှတစ်ဆင့် ဧည့်ခန်းဆီသို့။ ဒီနေ့ အမှုတစ်ခုကြောင့် တရားရုံးတက်ရမည်။ မနေ့ကလိုအားနေဖို့တော့ခက်သည်။ အသင့်တင်ပေးထားတဲ့ထမင်းခြင်းကို ဆွဲပြီး ကားလေးဆီခပ်မှန်မှန်လျှောက်ခဲ့သည်။ ကားအနားရောက် ကားတံခါးလက်ကိုင်ပေါ်မှ ကံ့ကော်ပန်းတွေကြောင့် မျက်ခုံးတွေကျုံ့မိသည်။ အကြောင်းက ညို့ကပန်းမကြိုက်ဘူးလေ။ ဘယ်သူလာထားတုန်း။ ပန်းတွေကိုဖြုတ်ယူလိုက်ရင်း အထဲဝင်မေးမယ်အလုပ် အစ်မမေရီက ညို့အရှေ့မတ်တပ်ရပ်လျက်သား။

"အစ်မ"

"မနေ့ကမယ်ရှင်လာတယ်ဆို"

အစ်မမေရီရဲ့ အမေးကိုခေါင်းသာညိတ်ပြလိုက်နိုင်သည်။ မနေ့ကအတွေးလွန်မိပြီး ထွက်ပြေးမိခဲ့သည်မလား။

"သူနဲ့ဥက္ကာမင်း ကွာရှင်းလိုက်တာရောသိပြီးပြီလား"

"အင်း ကျွန်တော်သိပြီးပြီ"

"ဒါဆို နင်ကဘာကိုတွေဝေနေတာလဲမှိုင်း သူနင့်ဆီအရောက်လာပေးပြီလေ ဖမ်းဆွဲထားလိုက်ဖို့ပဲ နင်လုပ်ရမှာလေ သူ့ကိုမချစ်တော့လို့လား"

"ချစ်တာပေါ့ ကျွန်တော့်မှာချစ်ရမယ့်လူကသူပဲရှိတာ"

အစ်မမေရီရဲ့စကားကိုအလောတကြီးဝင်ဖြေမိတော့ အစ်မမျက်နှာဟာ ခပ်ပြုံးပြုံး။ ကိုယ့်ဘာသာဖြေမိပြီး မှိုင်းညို့ရီရဲ့ ပုံစံမှာ အလောတကြီး‌ပုံရိပ်တွေထွက်လာပြီမှန်းသဘောပေါက်မိတော့ ရှက်အမ်းအမ်းဖြစ်လာရသည်။

"အဲ့ဒါ မယ်ရှင်လာပို့သွားတာ သူကလည်းကြောင်တောင်တောင် ဒီမှာကံ့ကော်အပင်လိုက်ကြီးရှိတာကို မနက်အစောကြီး ကံ့ကော်ပန်းလာပို့သတဲ့ နင်တို့ကလိုက်လည်းလိုက်တယ်"

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now