အပိုင်း(၄)

2.9K 346 8
                                    

Unicode

ပါဠိအချိန်ဖြစ်၍ မယ်ရှင်တစ်ယောက် အတန်းလစ်ရန် ဖင်တကြွကြွ။ ဘေးနားတွင်တော့ လက်ကြီးချိတ်၍ အတင်းပြန်ဆွဲထိုင်ခိုင်းနေသော အယ်ဝါးရှိလေသည်။

“ဒီအချိန်တစ်ချိန်ပဲမတက်မှာ တကယ်ပါဆိုနင်ကလည်း”

“မရဘူးထိုင် နင့်အကြောင်းများမသိလို့လား အမြဲအဲ့လိုပြောပြောသွားပြီးပေါ်မလာတော့ဘူး”

“ပါဠိသင်ရင်အိပ်ချင်တယ်လို့”

“ဒီ‌နေ့မှစဝင်မှာလေ သင်တောင်မသင်ဖူးပဲနဲ့ဆရာနဲ့တိုင်မယ်”

“နင်တကယ် အကျင့်ပုတ်တယ်”

ပြောသာပြောရတာ ပြီးတော့လည်း ထိုင်ရတာပါပဲ။ ဆူပုတ်ပုတ်နှင့် ထိုင်နေသူအားကြည့်ရင်း အယ်ဝါးတစ်ယောက်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ ဘယ့်နှယ် စာကိုမလုပ်ချင်ပဲ အတန်းပဲလစ်ချင်နေရတာတုန်း။

များမကြာမီပင် အခန်းတွင်းသို့ ဆရာဝင်ရောက်လာချေပြီ။ ပါဠိဆရာသည် ဝဝဖိုင့်ဖိုင့်၊ လေးထောင့်မျက်မှန်ထူကြီးနှင့် ဆံပင်တို့များ ပြောင်နေအောင်သိမ်းထားတတ်ပါသည်။

စာအသင်ကလည်းကောင်း၊ စကားပြောကလည်းကောင်းဆိုတော့ ကျောင်းသားအများစုသည် ဆရာ့အချိန်ဆို အပြည့်ဖြစ်နေတတ်သည်။

ဒါတွေကို အဆောင်တစ်ဖက်အခန်းက အစ်မပြောပြဖူးလို့သာသိနေရခြင်း။ အပြည့်ဖြစ်နေသော ကျောင်းသားများအနက် အတန်းလစ်ချင်နေသော မယ်ရှင်ကရှိနေပါသည်။

“ကဲ ဆရာတို့သင်မယ့်ပါဠိဘာသာ၊ ပါဠိစကားကို ဘယ်သူတွေပြောလေ့ရှိကြသလဲ သိတဲ့သူဖြေချည်ကွာ”

အယ်ဝါးတစ်ယောက်မတုန့်မဆိုင်းထရပ်ကာ လက်ကလေးပိုက်လို့ ဖြေချလိုက်သော အဖြေကြောင့် တစ်ခန်းလုံးပွဲကျသွားတော့သည်။

“ဘုန်းကြီးတွေပါဆရာ”

“ဟေ! အေးအေးဟုတ်သဟေ့ ဒီနေ့မှ အတန်းစဝင်ရတာ သတ္တိကောင်းသဟေ့ တော်တယ်တော်တယ် ထိုင်”

ဘယ်သူတွေရယ်ရယ်အရေးမစိုက်နိုင်ပါ။ ဆရာ့ရဲ့ချီးကျူးသံကြားအပြီး လုံးဝကို တစ်ခုပဲတွေးလိုက်သည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now