အပိုင်း(၁၂)

2.3K 267 4
                                    

Unicode

ဆောင်း၏အငွေ့အသက်တွေဟာ လွှမ်းခြုံထားဆဲ။နေရောင်ခြည်ခပ်ထွေးထွေးကတော့ နေ့တစ်နေ့ရဲ့အစကို အဖော်ပြုစမြဲ။ ပင်ယံကံကော်တို့သည်လည်း ပင်မြင့်ထက်တွင် နေရာယူလျက်။

//နွေဦးကံကော်များ ဒီအချိန်လေးတိုင်းမှာ
  ကိုယ်သတိရစရာတွေ ပေါ်လာမြဲအချစ်ရေ
  မမေ့ဘူးသိရဲ့လား
  ကံမဆုံလည်းမမေ့နိုင်ဘူး....
  နွေဦးကံ့ကော်များ
  အော် ခြဲထဲအလှဝေ
  ဆွတ်သင်းပျံ့ဝေမြဲ
  ဝါရွှေနုပွင့်ဖြူ
  ရင်ထဲလှိုက်ခုန်သွား
  ချိုမြိန်သော ကိုယ့်အချိန်လေး

  စကားလေးပြောသလိုပဲ
  သူကိုယ့်နားရောက်လာပြီးတော့
  ကပ်ထိုင်သွားသလိုပဲ
  ဒီအတိတ်ဆွေး အဟောင်းကမ္ဘာလေးဟာ
  ချစ်စရာလေးပါကွယ် ချစ်စရာလေးပါကွယ်

  ကိုယ့်လက်ကလေးတွေ နွေးထွေးလာတယ်
  ချစ်သူလေးရယ် ထွေးလှည့်ပါကွယ်...//

ကံ့ကော်တွေလည်း ဝေလို့၊ အဓိပတိလမ်းမကြီးသည်လည်း အသက်ဝင်လို့။ ပို့လို့အသက်ဝင်စေတာကတော့ စာသင်ဆောင်တွေဆီက စာအံသံတွေပင်။ ဒါ့အပြင် အားကစားရာသီဖြစ်တာကြောင့် အားကစားပွဲကတော့အဆက်မပြတ်။ ဘောလုံးပွဲ၊ ဘတ်စကတ်ပွဲ စသည်ဖြင့်ပေါ့။

“ပန်းပေးမယ့်လူရွေးတာ မယ်ရှင်ကတကယ့် mainကိုပေးရမှာနော်”

အစမရှိ၊အဆုံးမရှိ အယ်ဝါးစကားကြောင့် ညို့တစ်ယောက် မျက်မှောင်ကျုံ့မိသည်။

“ဘာကြီးကို ”

“မှိုင်း နင်ကလေ ဘာမှကိုမသိဘူး ဘောလုံးကန်မယ့် ငါတို့မေဂျာက ကစားသမားတွေကို မိန်းမလှလေးတွေက ပွဲမစခင် ပန်းပေးရတယ်လေ အဲ့ဒါမယ်ရှင်က ငါတို့ဌာနက kingကိုပန်းပေးရမှာ ပြီးတော့ မယ်ရှင့်ကိုသဘောကျနေပုံပဲသိလား ဟီး”

“အော်..”

ညို့တစ်ယောက် တုန့်ပြန်မှုသည် အော်တစ်လုံးသာ။ စိတ်ကလေး၏အတိမ်အနက်ကို တိုင်းတာကြည့်တော့ နစ်စိုက်နေမှုသည် တဖြည်းဖြည်းနက်လာခဲ့သည်။ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို သဘောကျတာဟာ လူတွေသတ်မှတ်ထားတဲ့ သဘာဝဆိုတာကြီးမလား။ ဒါဆိုသူ့စိတ်တွေကရော ဘောင်ကျော်ခဲ့လေသလား။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now