အပိုင်း(၁၀)

2.4K 260 2
                                    

Unicode

မျက်လုံးထဲဝင်ရောက်လာသည့် ဦးမင်းရှင်၏ ဆေးမှင်ကြောင်ကိုငေးစိုက်နေရင်း အိပ်မက်လိုလိုတောင်ထင်မှတ်လာမိသည်။ ဦးမင်းရှင်၏နှုတ်ဆက်သံဟာဆုံးလို့ အတန်းထဲကပင်ပြန်ထွက်သွားချေပြီ။ သူ့တစ်ကိုယ်လုံး ကျောက်ချခံထားရတဲ့ သင်္ဘောလို တုတ်တုတ်မှ လှုပ်မရသေး။

မျက်လုံး၏ရွေ့လျားမှုနှင့် မြင်နေရမှုကို နားနလည်သလို၊ နှုတ်ခမ်းတို့သည်လည်း တွန့်ဆုတ်လျက်။ ခေါင်းထဲကပုံရိပ်တွေက မှုန်မှုန်ဝါးဝါး။ နာကျင်‌နေသည့်နားထင်ကိုဖိထားရင်း မျက်ရည်တွေ ဝေ့သီလာတော့သည်။ ပုံရိပ်တို့ကဟိုတစ်၊ဒီတစ်စ။သေချာတာ‌ကတော့ သူအမြဲကြောက်နေရသည့်အရာတွေပင်။

“မလုပ်ပါနဲ့ မလုပ်နဲ့ ကျွန်တော့်အမေ အမေ့အမေ့!”

၁၄နှစ်အရွယ်ကလေးမလေး၏ အော်ဟစ်နေသံတွေနှင့်အတူ ကျိန်းဝါးနေသံတွေ။ မျက်နှာအုပ်ထားတဲ့ လူတစ်စုက သားအမိနှစ်ယောက်လုံးကို လက်ပြန်ကြိုးတုတ်ထားခဲ့သည်။ အမေဖြစ်သူ၏ မျက်နှာတွင်လည်း ရိုက်နှက်ခံရမှုကြောင့် သွေးတွေ ဟိုတစ်စ၊ဒီတစ်စ။ဖူးယောင်နေသောမျက်နှာပြင်ထက် ကြောက်သည့်ပုံရိပ် စိုးစဉ်းမျှမရှိ။

“ကျစ် နားညီးလိုက်တာကွာ ဒီဟာမလေး!”

“ငါ့သမီးကိုမထိနဲ့ ထိစရာမလိုဘူး! ခွေးကောင်တွေ!”

အမေဖြစ်သူ၏ ထပြောသံသည် တစ်ခန်းလုံးကို ဟိန်းခနဲထွက်ပေါ်လာသည်။

“ဖြန်းးး!”

ထို့နောက်တွင်တော့ ခေါင်းချာခနဲလည်ထွက်သွားလောက်သည်အထိ ရိုက်နှက်မှုသည် အမေဖြစ်သူ၏ပါးပေါ်ကျရောက်လာတော့သည်။နှုတ်ခမ်းထောင့်မှလည်း သွေးစတွေစီနေခဲ့သည်။

“ဒီကောင်မက သိပ်မနာသေးပုံပဲ သိပ်သတ္တိကောင်းတာပေါ့ဟုတ်လား ဟားဟား ကစားပွဲကမင်းမကြောက်ရင် ပျော်စရာမကောင်းဘူး”

“ယောက်ျားတွေတန်မဲ့ မိန်းမတစ်ယောက်ကိုဝိုင်းအနိုင်ကျင့်ကြကတည်းက နင်တို့ကို ခွေးအဆင့်တောင်မရှိတော့ဘူး ဟားဟား ရိုက်စမ်း! ငါ့ဆီကဘာမှသိရမှာမဟုတ်ဘူး!”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now