အပိုင်း(၉)

2.4K 252 2
                                    

Unicode

ပါးပြင်ထိကပ်ထားသော လက်ဖဝါးလေးမဖယ်ခင် သူ့ရဲ့ ခေါင်းလေးကိုရှောင်လိုက်တော့ အလိုက်သတိ ရှောင်ပေးလာသည်။

“နေကောင်းပါတယ် ဒီလိုပဲ တွေးစရာတွေများနေရုံပါ မင်းကကျောင်းမတက်ဘူးလား အစောကြီးရှိသေးတယ်”

မှိုင်းညို့ရီဆိုတဲ့မိန်းမအတွက် တစ်ပါးသူအကြောင်းစေ့စေ့ပေါက်ပေါက်လိုက်မေးမိတာ ဒါဟာပထမအကြိမ်။ အမေးခံရသူဟာလည်း နမော်နမဲ့ဟာ ပထမဆုံး။

“ငါလား စောစောထွက်လာတာ ညို့ကကျောင်းမတက်ဘူးလား ညို့အပြင်သွားရင် ငါလိုက်ချင်တယ်”

“ကျောင်းတက်ဖို့လာတာကျောင်းပဲတက်စမ်းပါ”

“ကျောင်းကဘယ်ချိန်တက်တက် ပြီးတော့ ငါကဉာဏ်ကောင်းတယ်လေ ညို့သိသားနဲ့”

“မင်းနဲ့တော့ခက်ပြီ ကျွန်တော်မင်းကိုခေါ်သွားလို့မရဘူး”

“ဟာ ညို့ကောင်လေးဆီသွားမှာမို့လို့လား”

“မဟုတ်ပါဘူး!”

ချက်ချင်းဆိုသလိုထဖြေမိသည့် အဖြေကြောင့် နှစ်ယောက်စလုံးကြောင်စီစီ။ ညို့မှာကောင်လေးမရှိဘူးဆိုတာသိရတော့ တစ်ခုခုကျေနပ် လိုက်ရသလိုလိုပင်။ ဘာကိုဆိုတာတော့ သူကိုယ်တိုင်လည်းမသိပါ။

“ဒါဖြင့်ခေါ်လေ ငါ လိုက်ချင်နေတာကို”

“လိုက်လို့မရပါဘူးဆို”

“ငါမှညို့ကိုတစ်ယောက်တည်းစိတ်မချတာ”

“ဘယ်လို”

ဒီလိုတွေပြောလာရင် မှိုင်းညို့ရီအတွက်ဖြေစရာနတ္ထိဖြစ်မြဲ။ ပြောတဲ့သူဟာ နမော်နမဲ့ဖြစ်တဲ့အခါမှာပေါ့။

“ညို့က အသိစိတ်ကပ်မနေသလိုလိုကြီးလေ ကားတစ်စီးလုံး ညို့ရှေ့နားရပ်တာတောင် ညို့မမြင်တာ ငါဘယ်စိတ်ချမလဲ”

“အဲ..”

“အဲမနေနဲ့ ငါလိုက်ပို့မယ် ကားပေါ်တက်”

“ဟို”

“ဟိုမနေနဲ့ ဟိုရောက်ရင် ငါကားပေါ်မှာပဲနေခဲ့မယ် ညို့ကိစ္စတွေ ညို့ဖြေရှင်းပေါ့ ငါမစွပ်ဖက်ပါဘူးဟုတ်ပြီလား”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now