အပိုင်း(၁၅)

2.3K 256 6
                                    

Unicode

ထူးဆန်းစွာပင် မယ်ရှင်တစ်ယောက် မနက်အစောကြီးအိပ်ယာနိုးလာခဲ့သည်။အစောကြီးဆိုတာ ၆နာရီ။ ကျောင်းပိတ်ရက်ကြီးကို ဒီအချိန်နဲ့နိုးလာတာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလို။ ကုတင်ဘေးက နာရီလေးအားလှမ်းယူကြည့်လိုက်သည်။

“၆နာရီတောင်ထိုးပြီပဲ”

အိပ်ယာခေါက်သိမ်းကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ‌ရေချိုးခန်းဝင်ဖို့ရာ အိမ်အနောက်ဖက်သို့ ဦးတည်လိုက်တော့ မီးဖိုထဲတကုတ်ကုတ်နှင့်ချက်ပြုတ်နေသော ဒေါ်ကြီးအားတွေ့ရသည်။

“ဒေါ်ကြီး အစောကြီးပဲ မယ်ကျောင်းပိတ်ပါတယ်ဘာလို့အစောကြီးထတာလဲ ဒေါ်ကြီးရဲ့”

“သမီးမယ်ကတော့လေ သွားသွားမျက်နှာသစ်ရေမိုးချိုး”

“ဟင့် မယ်မေးတာကိုမဖြေပြန်ဘူး”

“ဒီကလေးကတော့ သွားသွား”

မျက်နှာသစ်ရေမိုးချိုးပြီးသည်နှင့် မှန်တင်ခုံရှေ့တွင်နေရာယူလို့ ပြင်ဆင်ရသည်။ ရေဒီယိုက လွင့်ပျံလာတဲ့သီချင်းလေးလည်း လိုက်ညည်းရင်းပေါ့။

//နွေးထွေးတဲ့ကိုယ့်ရဲ့ရင်ထဲ
  အေးမြလှတဲ့ရေလိုအချစ်
  ယူလှည့်တော့ကွယ်
  အချစ်ဦးလေးမို့
  ကိုယ်မင်းအတွက်ပေးချင်သေး

  အသည်းထဲကအချစ်ဆိုတာလည်း
  ကြင်နာသူအတွက်အေးမြလွန်းတယ်
  အမြဲသိမ်းထားပေါ့ချစ်တဲ့သူရယ်
  ကိုယ်အကြင်နာဆုံးမို့ပေးလိုက်တယ်

  မင်းကလွဲပြီးကိုယ်မချစ်ဘူး
  ဘယ်တော့မှတခြားသူအစားမထိုးဘူး
  ကိုယ့်အချစ်ဟာမင်းတစ်ယောက်တည်းအတွက်
  အို..အရှင်းဆုံးပဲ
  မင်းကလွဲရင်အဖော်မရှာဘူး//

ရေဒီယိုလှိုင်းကလွင့်ထွက်လာတဲ့ သံ‌စဉ်တွေလိုညည်းနေတာ ‌တံခါးခေါက်သံကြားမှ သတိပြန်ဝင်လာသည်။

*ဒေါက်..ဒေါက်*

“ဒေါ်ကြီး မယ်တံခါးလော့မချထားဘူး”

သီချင်းသံကိုတိုးလိုက်ရင်း အော်လိုက်ရသည်။

“သမီးမယ် ဖုန်းလာတယ် သီချင်းသံအကျယ်ကြီးဖွင့်မနေနဲ့ဦး”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now