အပိုင်း(၄၂)

2.2K 234 8
                                    

Unicode

အကုန်မြန်ချင်သည့်အခါ အချိန်ဆိုတာ သိပ်ကုန်ဖို့ခက်ခဲသလို၊ ခပ်လေးလေးစိတ်တွေနဲ့နောက်ပြန်ဆွဲချင်သည့်အခါတွင်လည်း အချိန်ကသူမတူအောင်မြန်ဆန်လွန်းပါသည်။ မှိုင်းညို့ရီအတွက် နောက်ဆုံးနှစ်ဖြတ်သန်းဖို့ အချိန်တစ်ဖန်ပြန်ရောက်လာလေပြီ။ ဒီတစ်ခေါက်ကျောင်းထဲ ပြန်ရောက်ချိန်တွင်တော့ ဟိုးအရင်နှစ်များနဲ့မတူညီစွာ ကွဲပြားလှ၏။ ခပ်အေးအေးသူ့အတွက် ပျော်စရာအသိုက်အဝန်း‌မရှိ။ ပျော်ပျော်ပါးပါး ဖြတ်သန်းဖူးခဲ့တဲ့ နေ့ရက်တွေအစား အခုတော့ တိတ်ဆိတ်ခြင်းသာကြီးစိုးသည်။ ဘာကိုမှ ကြီးကြီးမားမားဂရုမထားချင်တော့တဲ့စိတ်တွေနဲ့ ဒီတစ်နှစ်ကိုဖြတ်သန်းရဦးမည်။ ဒီနှစ်ရဲ့ ကျောင်းတက်ချိန်မှာ သွယ်နဲ့ ညို့သာရှိသည်။ အယ်ဝါးကကျောင်းပြီးလို့ ဘားအံပြန်သွားချေပြီ။ မယ်ကတော့...။

“မှိုင်း..”

ညို့ခြေလှမ်းတွေအား တစ်စုံတစ်ယောက်ခေါ်သံကတားဆီးပစ်လိုက်သည်။ မျက်မှောင်ကျုံ့လျက်သား လှည့်ကြည့်မိတော့ ညို့မသိသည့် မျက်နှာပိုင်ရှင်။

“ဟို..မှိုင်းလို့ပဲခေါ်မယ်နော် ယုကဥပဒေတန်းတတိယနှစ်ကပါ မှိုင်းရဲ့ဂျူနီယာပေါ့ ဟိုလေ စာပြပေးဖို့တောင်းဆိုချင်လို့ပါ”

စကားတရစပ်ပြောပြီး တအားရဲတင်းလွန်းသည့်ထိုမိန်းကလေးအား မှိုင်းညို့ရီသဘောမကျ။ မျက်နှာပိုလို့ပင်တည်တင်းသွားသယောင်ရှိသည်။ မျက်ခုံးတွေတွန့်ချိုးထားသည်မှာ စိတ်အခြေအနေကို အတိုင်းသားဖော်ပြပေးနေသည်။

“ဒီမယ် ငါမင်းကိုမသိဘူး စာနားမလည်ရင် အတန်းချိန်မှာ သေချာနားထောင် ပြီးတော့ ဒီနည်းနဲ့လာမရောနဲ့ ငါမကြိုက်ဘူး”

ပြောပြီးသည်နှင့် ဆက်ခနဲလှည့်ထွက်လာမိသည်။ မနက်စောစောစီးစီး စိတ်တွေမကြည်နေတော့။ ထိုမိန်းကလေးကတော့ ကြောင်စီစီနဲ့ ထိုနေရာတွင်ပင်ရပ်နေမြဲဖြစ်သည်။ တစ်ကျောင်းထဲတက်သည်ဆိုပေမယ့် သွယ်နဲ့ညို့တွေ့ဖြစ်သည်မှာခပ်ရှားရှားဖြစ်လာသည်။ ‌ဦးချစ်ဆိုင်နဲ့လည်းဝေးသွားသလို၊ ကန်ဘောင်ဘက်တောင်ညို့မလျှောက်ဖြစ်တော့။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now