အပိုင်း(၄၃)

2.4K 260 15
                                    

Unicode

မေတ္တာတွေနဲ့ကမ်းမိသမျှ ချစ်ခြင်းတွေအမျှင်တန်းကာမှ ဝေးခဲ့ကြရသည့် အမျိုးသမီးနှစ်ယောက်။ ရှင်သန်တယ်ဆိုပေမယ့် စိတ်‌တွေရှင်သန်ဖို့ရာတော့ဝေးခဲ့သည်။ ခပ်ဖျော့ဖျော့မျှော်လင့်ချက်နဲ့ရှင်သန်နေတာ နှစ်တစ်ပိုင်းတစ်စကူးခဲ့ပြီ။

၂၀၀၄ခုနှစ်ရဲ့ ဖေဖော်ဝါရီလအစ။ ကနေဒါနိုင်ငံမှာ ရှင်သန်နေတာ မယ့်အတွက်၄နှစ်မြောက်ခဲ့ပြီ။  တစ်နည်းအားဖြင့် မယ့်လွတ်မြောက်ရာလမ်းအစပဲ။ လက်ထဲက စာချုပ်လေးကိုတစ်ချက်ကြည့်ရင်း လွတ်‌လပ်တော့မလိုခံစားချက်ရလာသည်။ ဒီလေးနှစ်အတွင်းမယ်ပြုံးဖို့ရာမေ့နေခဲ့သည်။ ခုတော့မယ့်နှုတ်ခမ်းပါးတွေပြုံးယောင်သန်းနေပြီ။ ကျောလယ်နားမရောက်တရောက်ဆံပင်တွေကို ‌စည်းနှောင်လိုက်ပြီး စာချုပ်ယူကာ ဧည့်ခန်းထဲတွင်ထိုင်နေလိုက်သည်။ အကြောင်းက ကိုဥက္ကာတစ်ယောက်ပြန်လာချိန်နီးလေပြီ။ နာရီဝက်လောက်နေတော့ အလုပ်ကပြန်ရောက်လာတဲ့ဥက္ကာမင်းကခပ်မှန်မှန်လျှောက်ရင်း မယ့်မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။

“ထူးထူးခြားခြားပါလား မယ့်ကို တိုက်ခန်းမှာတွေ့ရတယ်”

မယ်တစ်ချက်ပြုံးလိုက်တော့ ထူးဆန်းသလိုကြည့်လာတဲ့ဥက္ကာမင်းကမျက်ခုံးတွေပါစုကျုံ့သွားသည်။ ပုံစံကြည့်ရတာ မမှတ်မိဘူးထင်သည်။ မယ်ကအသင့်ရှိနေတဲ့ စာချုပ်လေးအား ဥက္ကာမင်းရှေ့တိုးပေးလိုက်သည်။ တိုးပေးလာတဲ့စာချုပ်အား ဖွင့်မကြည့်သေးပဲ ထူးဆန်းနေဟန်။

“ဒါက”

“ဖွင့်ကြည့်လေ”

စာချုပ်အားဖွင့်ကြည့်ပြီးတော့ ထိတ်ထိတ်ပြာပြာဖြစ်သွားတဲ့ကိုဥက္ကာ။ မျက်ဝန်းတွေကစူးစူးရဲရဲ။ ဒီသဘောတူညီမှုကို ဒီတစ်လျှောက်လုံးမေ့ထားခဲ့တာနဲ့တူသည်။

“မယ့်!”

“ကတိအတိုင်းပဲကိုဥက္ကာ လက်ထပ်ပြီးလေးနှစ်နေရင် ကွာရှင်းရမယ် ပြီးတော့ ဘာနစ်နာစရာမှမရှိပါဘူး ကျွန်မတို့ ဘာပတ်သတ်မှုမျိုးမှမရှိခဲ့ဘူးလေ ပြီးပြီမလား”

“မင်းဘာလို့အဲ့လောက်တောင်သွေးအေးရတာလဲ”

“ကနေဒါမှာလေးနှစ်လောက်ရှင်သန်လိုက်ရလို့ဖြစ်မယ် အဟက် သွေးပူအောင်မြန်မာပြည်ပြန်ဦးမှ”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now