အပိုင်း(၁၆)

2.2K 259 12
                                    

Unicode

အစ်ကိုဖြစ်သူရဲ့ စီစဉ်မှုနှင့် မယ်ရှင်တစ်ယောက်ကားမပါလာ။ မေမေနှင့်တွေ့ဦးမည်ဟုဆိုကာ မယ်ရှင့်အားကျောင်းထိလိုက်ပို့ပြီး ကားယူကာထွက်သွားချေပြီ။ မေမေတော့ပျော်နေတော့မှာ။
တစ်ကိုယ်တည်းပြုံးရင်း အဓိပတိလမ်းထက်တစ်ယောက်တည်းလျှောက်လာမိသည်။ လက်ကနာရီကြည့်မိတော့ အချိန်ကလိုသေးသည်မို့ စာသင်ဆောင်တွေရဲ့ တစ်ဖက်ကလမ်းချိုးမှပြန်ထွက်ကာ ဦးတည်ရာကို တစ်နေရာဆီသို့ပြောင်းလိုက်သည်။

ဂျက်ဆင်ဘုရားကျောင်းရှေ့မှ လမ်းချိုးလေးရောက်တော့ အရှိန်ပြင်းပြင်းနှင့်လာသော ကားကြောင့် အလျင်အမြန်ရှောင်လိုက်ရသည်။

“တောက်! ဘယ်လိုမောင်းလာတာလဲမသိဘူး!”

ပြောရင်းရှောင်လိုက်ပေမယ့် ဘယ်ဘက်ခြေချင်းဝတ်ကမျက်ခနဲ။ ဖိနပ်ခုံထူမှစီးတတ်သော အကျင့်နှင့် ထိပ်တိုက်ရင်ဆိုင်ရပါတော့သည်။ ထိုကားကတော့ တောင်းပန်ရကောင်းမှန်းမသိ။ ထို့နောက်တွင်တော့ပရမ်းပတာနိုင်လွန်းလှတဲ့ ကားကသီရိဆောင်ရှေ့တွင်ရပ်နေတာ မြင်နေရသည်။ သူ့ရဲ့ဦးတည်ရာကလည်း သီရိဆောင်ပဲမလား။

ထိုကားပေါ်မှဆင်းလာသော ‌ခပ်ထည်ထည်အမျိုးသမီးကြောင့်မျက်မှောင်ကျုံ့မိသည်။ ထိုအမျိုးသမီးနောက်တွင်တော့ ခပ်ရို့ရို့ရပ်နေသော ကောင်မလေးနှစ်ယောက်။ တစ်စုံတစ်ခုပြောလိုက်ဟန်ကြောင့် မိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်ကအဆောင်ထဲသို့ဝင်သွားသည်။ထိုအခြေအနေတွေကို အလှမ်းမဝေးသောနေရာရှိ မယ်ရှင်က အတိုင်းသားမြင်နေရသည်။ ကောက်ချက်ချမိသည်က တော်ရုံမဟုတ်ဘူးဆိုတာပင်။

ဆူးခနဲနာကျင်သော ခြေထောက်ကြောင့် တစ်ခါလှမ်းရဖို့တောင်အဆင်မပြေ။ ဖိနပ်ကိုချွတ်လိုက်ကာ လက်က‌ကိုင်လိုက်သည်။ နာကျင်မှုကို အသာထားကာ လျှောက်လာခဲ့ရင်း ခြေလှမ်းလေးလှမ်းလောက်မြောက်တော့ အဆောင်ထဲမှ ထွက်လာသူသည် ညို့။ ညို့နှင့်သိသည်တဲ့လား။မဟုတ်တန်ရာ။ ညို့ရှိရာကို နာနေသောခြေထောက်ကလေလိုလျင်မြန်စွာရောက်ရှိ‌သွားသည်။

“ညို့ ညို့ သူတို့နဲ့သိတာလား”

ညို့မျက်နှာထားဟာ အခါတိုင်းထက်ကိုပိုလို့တင်းမာနေသယောင်။ မယ်ရှင်ကတော့ အကာအကွယ်ရှိတယ်ဆိုတဲ့မျက်လုံးတွေနှင့် သူ့အရှေ့မှအမျိုးသမီးကိုကြည့်နေသည်။ ညို့လက်ကောက်ဝတ်ဟာလည်း မယ်ရှင့်လက်နှစ်ဖက်ကြားမှာ။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now