Unicode
ခရေကြွေတွေကောက်ရင်းပျော်နေသည့်မျက်နှာလေးအား ညို့အကြည့်မလွှဲချင်တော့။ တရစ်ငင်ငင်နဲ့တိုးဝင်လိုက်ပုံများ ပြန်ရုန်းဖို့ပင်မလွယ်တော့ပါ။ ရုတ်တရက်ပျော်ရွှင်ခြင်းလေးကိုလေလိုဝင်ရောက်လာတဲ့အတွေးတစ်ခုကတိုက်စားသွားတော့ ညို့အပြုံးလေးပျက်ရပြန်ပါသည်။ ခရေပွင့်လေးရသလောက်ကောက်ပေးတော့ ညို့ရှေ့မှမိန်းကလေးက သွားလေးတွေစီနေအောက်ရယ်ပြသည်။
“မွှေးနေတာပဲ”
“မင်းကပန်းအကုန်ကြိုက်နေတာပဲ”
“ညို့ကလည်း ငါကမိန်းကလေးလေပန်းကြိုက်တာပဲဆန်းလား”
“အော်..”
“ဆန်းမယ့်ဆန်း ညို့ကဆန်းတာ မိန်းကလေးဖြစ်ပြီးပန်းမကြိုက်ဘူးတဲ့”
“မဆန်းပါဘူး ကဲ ညနေသိပ်မစောင်းခင်ပြန်ရအောင် မှောင်ရိပ်သန်းမှာစိုးလို့”
“အင်းအင်း”
ညနေဆည်းဆာအပြည့်နှင့်လှပလွန်းတဲ့ရှုခင်းတွေဟာ ညို့ကိုတော့မယှဉ်နိုင်။ တည်ကြည်နေသောမျက်နှာထား။ နှုတ်ခမ်း ပြည့်ပြည့်တည်တည်။ မျက်လုံးလဲ့လဲ့။ ခါးထိရှည်သော ဆံနွယ်ယိမ်းယိမ်း။ လည်တိုင်ကျော့ကျော့။ အစိတ်အပိုင်းတစ်ခုချင်းစီက အချိုးအဆစ်ကျကျ။ ခြေတစ်လှမ်းကုဋေတစ်သန်းထိုက်တဲ့မိန်းမက ညို့များလား။ မဟုတ်သေး။အသွင်အပြင်တွေသာနူးညံ့တာ မာကျောတဲ့အမူအကျင့်တွေက အသွင်အပြင်လေးနဲ့ခြားနားလှစွာ။
ကုသိုလ်တော်ဘုရားကထွက်လာတော့ စက်ဘီးဝင်ယူပြီး လမ်းလျှောက်သည့်ညို့ကို နားမလည်။ စက်ဘီးတွေပါတာကို လမ်းလျှောက်နေသည်တဲ့။ ဘုရားမှာတုန်းက မှောင်ရိပ်သန်းမှာစိုးလို့ဆို။ သို့သော် မေးခွန်းတွေက စိတ်ထဲတွင်သာပြီးဆုံးသည်။ လက်ရှိမှာတော့ ညို့လှမ်းလျှောက်သွားတဲ့ ခြေလှမ်းအတိုင်း လိုက်လျှောက်နေမိသည်။ မန္တလေးနန်းမြိုရိုးကြီးက နေဝင်ချိန်အလှအလည်မှာခန့်ခန့်ထည်ထည်။ ပန်းချီတွေရှုံးတဲ့ မိန်းမလှကလည်း ရှိနေသေးသည်။ ဒီရှုခင်းက သူ့အဖို့တော့ မျက်တောင်မခတ်ချင်စရာ။
STAI LEGGENDO
ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်
Storie d'amoreကံ့ကော်တွေရှိတဲ့အရပ် ငါ့နှလုံးသားတစ်စုံ "နမော်နမဲ့"နဲ့ ကျဆုံးခဲ့ရတယ်လေ။ အနိုင်ရသူကတော့ မင်းပါပဲ။