အပိုင်း(၃၉)

1.9K 215 18
                                    

Unicode

လက်ထဲမှာကျန်ရစ်ခဲ့တဲ့ ကြည်ပြာရောင်ဖိတ်စာနှင့်ညို့လည်း ဒီကံ့ကော်ပင်အောက်မှာ ကျန်ရစ်ခဲ့သည်။ ဘေးနားမှ နောက်လှည့်မကြည့်တမ်းထွက်‌သွားသော ညို့ရဲ့အချစ်ရိပ်လေးဟာ သိပ်ပြတ်သားနေခဲ့သည်။ ဘယ်နေရာမှာ ဘာတွေဖြစ်သွားလို့ ညို့လိုက်မမှီနေရသလဲမသိချေတော့။ နာလိုက်တဲ့ ရင်ထဲကဒဏ်ရာက တစ်ဆစ်ဆစ်။ နှုတ်ခမ်းတွေဖိကိုက်လို့ လက်သီးဆုပ်ထဲ ဖိတ်စာကလေးကိုခြေမွပစ်လိုက်တဲ့ ညို့ကကျောက်ရုပ်တစ်ရုပ်လို ရပ်နေခဲ့သည်။

လူတွေ စပ်စုသလိုကြည့်သွားတဲ့အကြည့်တွေအတွက် ရှက်ဖို့ကိုသတိမရ။ ခေါင်းထဲမှာ ကျန်ရစ်နေတာ ညို့ဆိုတာဟာဗလာသက်သက်နဲ့ ချန်ခံလိုက်ရပြန်ပြီတဲ့လေ။ ငိုချင်ရင်တောင်မျက်ရည်တွေခမ်းခဲ့ပြီ။ ကတ္တီပါဖိနပ်လေးအနားပြန့်ကျဲနေတဲ့ ဖိတ်စာအပိုင်းအစတွေက ညို့ကိုနာကျင်စေခဲ့တာတဲ့လား။ မလှုပ်မယှက်ရပ်နေခဲ့မိတဲ့ညို့မှာ အသိစိတ်မကပ်နေ။

“မှိုင်း ဘာဖြစ်နေတာလဲ မယ်ရှင်ရော”

ရုတ်တရက်ကြီးရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ဆီ အသက်မပါသလိုမော့ကြည့်လိုက်မိသည်။ ထူးဆန်နေတဲ့ညို့ပုံစံကြောင့် အယ်ဝါးတို့နှစ်ယောက်လုံးပြာပြာသလဲ။

“ဟမ် ဘာဖြစ်တာလဲလို့”

“ငါရှုံးသွားပြီ”

နှုတ်ခမ်းဖိကိုက်ထားတဲ့အရှိန်ကြောင့် သွေးစို့နေသည့် နှုတ်ခမ်းတွေကထွက်လာတဲ့လေသံဟာ ခပ်ဖျော့ဖျော့။ မျက်လုံးအိမ်တွေက ကယောင်ခြောက်ခြား။

“ဘာပြောနေတာလဲ”

“ငါရှုံးသွားပြီ မယ်ငါ့ကိုထားခဲ့ပြီ”

မခိုင်တော့တဲ့ခြေထောက်တွေက ခုမှခွေကနဲမြေကြီးပေါ်ကို ထိုင်လျက်သား။ လွယ်အိတ်အညိုရောင်လေးရော၊ အလှနတ်သမီးလေးရော ကံ့ကော်ပင်အောက်မှာ အလဲလဲအပြိုပြို။ ဆုပ်ကိုင်စရာလေးထင်မိလို့ ရှိတဲ့အားလေးနဲ့ ဆုပ်ကိုင်မိခြင်းတွေပါ။ နာကျင်ရမယ်မှန်းသိရင်လေ ဘယ်ဆွဲထားခဲ့ပါ့မလဲ။

“သေချာလေးပြောပါ မှိုင်းရာ”

‌အားမလိုအားမရဖြစ်နေတဲ့ အယ်ဝါးကို မော့ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်မိသည်။ နှုတ်ခမ်းလွှာတွေကသွေးအရသာနဲ့အနံ့တွေဟာ ခံတွင်းထဲဝင်ရောက်လာတော့ မျက်လုံးအိမ်တွေထဲက အရည်ကြည်တွေပါးပေါ်ကျလာတော့သည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now