အပိုင်း(၆)

2.6K 313 10
                                    

Unicode

ကားကိုအရှိန်တင်မောင်းလာခဲ့ရင်း ၆နာရီဝန်းကျင်လောက် သန်လျင်ရောက်သည်။ သိပ်တော့နောက်မကျသေး။ မြို့မဈေးလမ်းဘက်မှ ဖို့မြေ မင်္ဂလာလမ်းဆီသို့။ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးသည် ခြံအပြည့်ဆောက်ထားသောကြောင့် ကားကို ဘေးက ကြီးကြီးခြံထဲသွားထားလိုက်ပြီး အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။

အိမ်ထဲဝေ့ကြည့်မိတော့ ဒေါ်ကြီးကိုမတွေ့။ မီးဖိုချောင်ဝင်နေပြန်ပြီထင်တယ်။

“ဒေါ်ကြီး ဒေါ်ကြီးရေ လာပါဦး ”

“ဝေ အေးအေး သမီး”

“ကိုကို ကိုကိုကြီး ဖုန်းဆက်သေးလားဟင်ဒီနေ့”

အမောတကောဝင်လာရင်း အသည်းအသန်မေးသောမယ်ရှင့်ရဲ့အမေးကိုထူးထူးဆန်းဆန်းဖြစ်သွားဟန်နှင့်တစ်ခဏစဉ်းစားပြီးမှဖြေသည်။

“ဟင် မောင်ဘုန်းမင်း မဆက်ပါဘူးကွယ်”

“မယ်တော့သိပ်စိတ်ညစ်တာပဲ ကိုကိုကခေါင်းမာတယ် ဟိုလူကလည်းအလျှော့ပေးမှာမဟုတ်ဘူး”

“ဘယ်ကဟိုလူလဲ အထိတ်တလန့်ရှိလိုက်တာ”

“အဖေ အဖေ့ကိုပြောတာ”

“ဟဲ့သမီးမယ် ကိုယ့်အဖေကိုဘာ ဟိုလူလဲ”

“ဘယ်တုန်းကအဖေလိုမေတ္တာမျိုးပေးခဲ့ဖူးလို့လဲ မယ်တို့ မောင်နှမနှစ်ယောက်ကိုအမြဲ ဥပေက္ခာပြုထားခဲ့တာပဲလေ”

“ခက်ပါတယ် ဒေါ်ကြီးက သမီးမယ်တို့အိမ်မှာအလုပ်လုပ်လာတာလည်းကြာပါပြီကွယ် သမီးတို့အဖေကသိပ်အလုပ်များတာလေ ဒါ့ကြောင့်အချိန်မပေးနိုင်ရုံတင်ပါ သမီးတို့ကိုချစ်ပါတယ် ဘယ်မိဘကသူတို့သားသမီးကို မချစ်ပဲရှိလို့လဲ”

“ခုတစ်ခါက ကိုကိုမသိသေးတာနဲ့တူတယ် ကိုကိုသိရင် ထိပ်တိုက်တိုးလောက်မှာ အဖေကလည်းညှာမှာမဟုတ်ဘူး ဒေါ်ကြီးရာ မယ်တော့မေမေ့ဆီ တစ်ရက်တော့သွားတွေ့ထားရမယ်ထင်တယ်”

မယ်ရှင့်အဖို့ ဒေါ်ကြီးသည် အားကိုးရာဖြစ်ခဲ့သည်။ သန်လျင်ကိုခြေချမိတုန်းကဆို မေမေ့အစ်မအိမ်ရှိလို့ ထွက်ခဲ့ပေမယ့် ဖေဖေ့ရာဇသံကြောင့်မေမေဟာမလိုက်နိုင်ခဲ့။ ဒေါ်ကြီးကတော့ အလုပ်ထွက်ပြီးတော့ မယ်ရှင်နဲ့အတူလိုက်လာခဲ့သည်။ မေမေ့ကိုအပြစ်တင်ဖို့တော့မရှိပါ။ သူ့မှာလည်းမတတ်သာလို့သာ။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now