အပိုင်း(၁၃)

2.3K 257 2
                                    

Unicode

အနိုင်ရလို့ အော်ဟစ်နေတဲ့အသံတွေတောင် ညို့နားထဲဝင်တစ်ချက်၊မဝင်တစ်ချက်။ ငေးနေမိတဲ့အရှေ့မှမိန်းကလေးကခပ်အေးအေးပင်။ ညို့ရဲ့သောက်လက်စရေဘူးလေးအားသောက်ပြီး ပြန်ချထားကာ သွားဖို့ပြင်နေချေပြီ။ ဒီလိုဆိုတော့လည်း ညို့တစ်ယောက်ဘာမှမမေးမိ။

“မယ်ရှင် ဘယ်လဲ”

ကိုယ်စားမေးပေးသည်ဟုထင်ရလောက်သည့် အယ်ဝါးအသံကိုသာ နားစွင့်နေလိုက်သည်။

“ကွင်းထဲသွားမို့လေ ဆရာမက ပြန်လာဖို့ပြောထားတယ် ငါကနင်တို့ကိုတွေ့လို့ ခွင့်တောင်းပြီးလာတာ”

“မပြီးသေးတာလား”

“ဘယ်သူ့သူငယ်ချင်းလေးမို့စိတ်ပူတတ်နေတာလဲဟင် အလုပ်ကတော့ပန်းပေးရုံပဲ ငါ့ကိုဘာလို့ခေါ်ထားတာလဲတော့မသိဘူး ပြောကြည့်ပြီးပြန်လာခဲ့မယ်”

“အင်းအင်း ပြီးရော”

အခါတိုင်းဆို ညို့ကိုတကူးတကနှုတ်ဆက်တတ်ပေမယ့် ဒီတစ်ကြိမ်တွင်တော့ ရှိတယ်လို့တောင်မထင်ထားသလိုလို။ ကျောခိုင်းကာလျှောက်သွားသော ကျောပြင်ငယ်ကို မျက်စိတစ်ဆုံးငေးမိပါသည်။ စိတ်ထဲတွင်လည်း အမည်ဖော်ရခက်သော ကြိုးတစ်ချောင်းကတင်းတင်းကြပ်ကြပ်ချည်နှောင်ထားပြန်သည်။

“အယ်ဝါး ပွဲကပြီးခါနီးပြီလား”

အယ်ဝါးအနားတိုးကာ မေးမိတော့ ညို့ရဲ့စိတ်ညစ်နေသည့်ပုံကိုရိပ်စားမိရသည့်အယ်ဝါးက  ခေါင်းညိတ်ပြသည်။

“ပြီးခါတော့နီးပြီ ပြန်ချင်နေပြီလား”

“အင်း မွန်းကြပ်လာလို့”

“ခက်နဲ့အရင်ပြန်နှင့်မလား”

ဘေးနားမှာရှိတဲ့ သွယ့်အား မေးငေါ့ပြရင်းမေးလာသည်။ သွယ်ကတော့ အယ်ဝါးကိုပါ ပြန်ခေါ်မည့်ပုံစံ။

“မျက်နှာဝိုင်းလေး နင်လည်းပြန်လိုက်ခဲ့”

“ငါကမယ်ရှင့်ကိုစောင့်ခဲ့မယ်လေ”

“နေကြဦး ငါကတစ်ယောက်တည်းပြန်လည်း ဖြစ်ပါတယ် သူ့ကိုသာစောင့်ခဲ့လိုက်”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now