အပိုင်း(၅)

2.9K 276 4
                                    

Unicode

ရာမညဆောင်သို့ ခြေချမိလျှင်ပဲ စာသင်သံညံညံကကြိုလင့်လျက်ရှိသည်။ ပထမတစ်ချိန်အတန်းမရှိတာမို့ အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့သည်။ အချိန်အားဖြင့် ၁၀နာရီကျော်ကျော်ပင်ရှိလုပြီ။ စာသင်ခန်းထဲဝင်မည်အပြု အခန်းအပြည့်ဖြစ်နေသော ‌လူတွေကိုကြည့်ရင်း ခြေလှမ်းတို့တုန့်ခနဲ။ အခါတိုင်း အင်္ဂလိပ်အချိန်ဆို လူမရှိတတ်ဘူး‌ကို။ လူဘယ်လောက်များများရှေ့ဆုံးတန်းကတော့ လွတ်မြဲလွတ်ဆဲပေ။ ဒီတော့ ခြေလှမ်းတို့သည် ရှေ့ဆုံးခုံဆီသို့။

ခဏနေတော့ အင်္ဂလိပ်စာဆရာ ဦးမောင်မောင်မြင့် ဝင်ရောက်လာခဲ့သည်။ အတန်းတွင်းရှိ ကျောင်းသားရာချီ၏ နှုတ်ခွန်းဆက်သမှုသည်လည်း ပေါ်ထွက်လာတော့သည်။ ရာချီတဲ့လူဦးရေဖြစ်တာကြောင့် အခန်းအတွင်းဟိန်းခနဲ။

“မင်္ဂလာပါဆရာ”

“မင်္ဂလာပါကွာ ဒီနေ့ မြန်မာစာကကလေးတွေကို တစ်ချိန်အစားပြန်ပေးရင်း Lawနဲ့ပေါင်းသင်မယ် လူများတာကြောင့် စကားမပြောကြနဲ့ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါဆရာ”

လူများနေတာဘာကြောင့်ဆိုတာ ခုမှပဲသဘောပေါက်သွားချေတော့သည်။ အယ်ဝါးတစ်ယောက် ဘာမှမပြော၍ ဘာမှမသိရ။ ဒီအခန်းထဲ ဘယ်ချောင်ကပ်နေပြီလဲမသိဘူး။ အင်္ဂစာဆိုကြောက်တတ်ရတဲ့အထဲ ဆရာက စာသင်စာရှင်းစိတ်ရှည်သော်လည်း စာမရရင် မိန်းကလေး၊ယောက်ျားလေးခွဲမနေပဲ ညှာရိုးမရှိတာကြောင့် အယ်ဝါး ဘယ်မှာသွားထိုင်နေလဲမသိပေ။

“ဆရာ ဝင်ခွင့်ပြုပါဆရာ”

အသံလာရာဘက်ကို ဆရာ့၏ မျက်မှန်‌အပေါ်မှကြည့်သောအကြည့်တို့နှင့်အတူ လှမ်းကြည့်မိတော့ နမော်နမဲ့။ဟုတ်သားပဲ။ နမော်နမဲ့ကမြန်မာစာကဆိုတာ မေ့မေ့သွားတတ်သည်။ မမြင်ချင်ယောင်ဆောင်ထားလိုက်မှတော်ကာကျပေတော့မည်။

“ကဲနောက်ကျတယ်နော် လာလာ roll callလာထိုးလှည့်”

“ကျေးဇူးပါဆရာ”

မမြင်ချင်ယောင်ဆောင်ကာမှ ဆိုက်ဆိုက်မြိုက်မြိုက်လှမ်းလာသည်က သူ့ဘေးနားကနေရာလွတ်ဆီသို့။ ပြုံးဖြီးဖြီးနဲ့ကပြုံးပြသေးသည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now