Unicode
ကားသော့ကိုဝှေ့ယမ်းလို့အပေါ်ထပ်မှဆင်းလာခဲ့သည့် မယ်ရှင့်ခြေလှမ်းတို့ ဧည့်ခန်းရှေ့အဖြတ်တွင် တားမြစ်ခံလိုက်ရသည်။ ဒါကလည်းသူမထင်ထားခဲ့တဲ့ အသံ။ မထင်ထားတာထက် ရောက်လာဖို့ မမျှော်ခဲ့ဖူးတဲ့အသံ။
"ဒါကဘယ်လဲ"
"မန္တလေး"
အေးတိအေးစက်မေးလာသံကို အေးတိအေးစက်သာဖြေသည်။ ဧည့်ခန်းထဲရှိ လေထုသည် အေးစက်နှုန်းမြင့်တက်လျက်ရှိသည်။ ဒေါ်ကြီးကလည်း မျက်နှာမကောင်းပါချေ။
"မယ်ရှင်လင်္ကာ!"
"အဖေခေါ်မှမဟုတ်ပါဘူး။ မယ့်နာမည်မယ်သိပါတယ်"
"တောက်!"
ဦးမင်းရှင်၏မျက်နှာထက် ကြောက်ခမန်းလိလိသွင်ပြင်သာတည်ရှိနေသည်။ ဒေါသထွက်နေသည့်အရှိန်ကြောင့် နဂိုဖြူလှသော အသားအရည်မှာ အနီဘက်တောင်သန်းနေချေပြီ။
"တောက်! နင်ခုသွားမယ့်ခရီးကိုချက်ချင်းဖျက်လိုက်!"
ဒီတစ်ခါ မျက်ခုံးပင့်သွားရသူက မယ်ရှင်။ ဘယ်လိုသိသွားတာလဲ။ ဘာကိစ္စနဲ့လာတားနေပြန်တာလဲ။
"ဘာကိစ္စနဲ့ မယ်ကမသွားရမှာလဲ အဖေ"
"ဟိုကလေးမဆီနင်သွားမှာမလားမယ် အဲ့ကလေးမနဲ့ဝေးဝေးနေဖို့ ငါဘယ်လောက်သတိပေးထားလဲ ပြော!"
"ညို့ကိုမပေါင်းနဲ့ဟုတ်လားအဖေ ဒါဆိုပြောကြည့်လေ ဘာကြောင့်ညို့နဲ့မပတ်သက်သင့်တာလဲဆိုတာ"
တစ်ယောက်တစ်ခွန်းအပြိုင်အဆိုင်မေးခွန်းထုတ်နေကြသည့် သားအဖကြာ ဒေါ်ကြီးအုန်းတစ်ယောက် ရင်မောလာရသည်။ သားအဖလို့ရိုက်စစ်စရာမလိုအောင် အရွဲ့တိုက်တဲ့နေရာမှာ အင်မတန်တော်ကြသည်ကို။ အဖေဖြစ်သူကလည်းအလျှော့ပေးမှာမဟုတ်သလို။ မယ်ကလည်းနောက်ဆုတ်မှာမဟုတ်။
"နင့်ကိုအန္တရာယ်တွင်းထဲဆွဲချသွားမှာ မယ်ရှင်လင်္ကာရဲ့ တောက်! ငါဒီ့ထက်ပြောပြလို့မရဘူး! ဟာကွာ!"
"အဖေကအကြောင်းအရင်းတောင်မပြောနိုင်ပဲ မယ့်ကိုဘာလို့လာတားနေတာလဲ မယ်ကလွယ်လွယ်လက်ခံမယ်ထင်နေတာလားဟင် မယ်ကအရင်က အဖေ့ဆီကမေတ္တာကိုဒူးထောက်ပြီးလိုချင်လို့ ငိုနေခဲ့ဖူးတဲ့ကလေးလေးမဟုတ်တော့ဘူး ဒါကြောင့် မတားပါနဲ့တော့ နောက်တစ်ခါဆို အဖေလို့မခေါ်တော့ဘူး ဒါကမယ့်ဘက်ကစကားအကုန်ပဲ"
YOU ARE READING
ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်
Romanceကံ့ကော်တွေရှိတဲ့အရပ် ငါ့နှလုံးသားတစ်စုံ "နမော်နမဲ့"နဲ့ ကျဆုံးခဲ့ရတယ်လေ။ အနိုင်ရသူကတော့ မင်းပါပဲ။