အပိုင်း(၁၄)

2.3K 255 7
                                    

Unicode

ဖုန်းကိုကိုင်ထားရင်း တစ်ဖက်ကအဖြေကို မျှော်တလင့်လင့်။ နှလုံးခုန်သံတွေကဆူညံလွန်းလှသည်။တစ်ချက်စီလှိုက်ဖိုနေသော ရင်ထဲကတုန်လှုပ်သံတွေကို ပြတ်ပြတ်သားသားကိုကြားနေရသည်။

“မြန်မြန်ပြောပါ ကိုကျော်အောင်ရယ် ကျွန်တော်ရင်တွေတုန်လွန်းလို့”

စိတ်မရှည်နိုင်လှစွာ တိုက်တွန်းလိုက်မိသည်။ တစ်ဖက်မှ ကိုအောင်ကျော်သည်လည်း သက်ပြင်းတစ်ချက်ချသံပြုလိုက်သည်။

“ဒီလို အဲ့တံဆိပ်က မန္တလေးကအဖွဲ့တစ်ခုရဲ့အမှတ်တံဆိပ် ရှင်းရှင်းပြောရရင် တရားမဝင်ဂိုဏ်းတစ်ခုပေါ့ မကောင်းတာမှန်သမျှအကုန်လုပ်တယ် နောက်ပြီးဒီအဖွဲ့ကိုကြိုးကိုင်သူကတော်ရုံတော့မဟုတ်ဘူး အဖွဲ့ကိုစုံစမ်းလို့ရပေမယ့် ခေါင်းဆောင်ကိုမသိရဘူး ဒါနာတာပဲ”

စိတ်ပူစိတ်ကလေးထက် ခေါင်းရှုပ်သွားသလိုခံစားလိုက်ရသည်။ ရှင်းရှင်းပြောရရင် သူသိပ်နားလည်မနေပါ။ ဂိုဏ်းဆိုတာမျိုးကိုသူမကြားဖူး။ သို့ပေသည့် ဆိုးခြင်းဘက်ကိုသာ ဦးတည်သည်ကိုတော့ သတိထားမိသည်။ ကိုအောင်ကျော့်အသံကိုကြားမိရုံနှင့် မသိခဲ့သည့်ထိုလူ့အကြောင်းကိုတွေးရင်း မကျေနပ်နေကြောင်းရိပ်စားမိပါသည်။

“ကိုအောင်ကျော်ဒါဆိုမန္တလေးရောက်နေတာပေါ့”

“ဆိုပါတော့ဗျာ ကျွန်တော့်မှာလည်းရှောင်လိုက်တိမ်းလိုက်ပါပဲ ပြီးတော့ ကျွန်တော့်နောက် နောက်ယောင်ခံလိုက်နေတဲ့သူရှိသေးဗျာ အင်း ပုံစံကြည့်ရတာ ရိပ်စားမိသွားတယ်ထင်တယ် ကျွန်တော်က ကိစ္စမရှိပေမယ့် မမှိုင်းညို့ရီကတော့ သတိချပ်စေချင်တယ် မိန်းကလေးမို့”

“စိတ်ချပါကိုအောင်ကျော် ကိုအောင်ကျော်လည်းဂရုတစိုက်နေပါ ကျွန်တော့်ကိုကူညီဖို့က ကိုအောင်ကျော်ပဲရှိတာ”

“ဟုတ်ပါတယ်လေ ကျွန်တော်တို့က ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီပါပဲ အမှန်တရားဖို့လုပ်နေတာ ကျွန်တော်တို့မရှုံးပါဘူး”

ဒီစကားကြားတော့လည်း အားကလေးတက်သွားရပြန်သည်။ ပုံရိပ်တွေထဲ သွေးတွေနဲ့အမေ့ပုံရိပ်ဟာ ပြန်လည်မြင်ယောင်လာသည်။ ရင်တွေနာရသည်က တဆစ်ဆစ်။ မဖြစ်ရင် ဖြစ်တဲ့နည်းနဲ့ ဖြစ်အောင်လုပ်ရမှာပင်။ ဖုန်းပြောပြီးသည်နှင့် လေးလံလှသည့် စိတ်တွေကို တရွတ်တိုက်ဆွဲလို့ အဆောင်ပြန်လာခဲ့သည်။ မှောင်ရီတရောအချိန်၊နာရီအားဖြင့် ညနေ၆နာရီစွန်းစွန်း။ ညစာစား‌ချိန်တောင် ကပ်လာပြီပဲ။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now