အပိုင်း(၂၁)

2.2K 273 15
                                    

Unicode

ညနက်မှအိပ်ပျော်သွားမှုကြောင့်နေရောင်တော်တော်ရတော့မှ အိပ်ယာမှနိုးလာသည်။ ‌အိပ်ယာဘေးကစားပွဲပေါ်ရှိ နာရီလေးကိုလှမ်းယူမိတော့ ၇နာရီခွဲ။ ပုံမှန်ထချိန်နဲ့ဆို တော်တော်နောက်ကျသွားသည်ပဲ။ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာတော့ ပုဂံသူကလေးမနှင့်ဆုံသည်။ ညို့ကိုမြင်တာနဲ့ ခေါင်းကိုငုံ့လို့ ရိုရိုကျိုးကျိုးပဲ။ စားပွဲပေါ်ပြင်ဆင်ထားပုံရရင် ဒီစားသောက်ဖွယ်ရာတွေကို အစ်မမေရီစီစဉ်တာမဖြစ်နိုင်။ ဒီကောင်မလေးကို မပြောထားပြန်ဘူးလား အစ်မမေရီရေ။

“အစ်မမေရီရော”

“အစ်မမေရီပွဲရုံဘက်သွားပါတယ်”

“အင်း ငါ့ဆီစာလေးဘာလေးမလာဘူးလား”

“ရှင်”

“ရန်ကုန်လိပ်စာနဲ့ဖြစ်ဖြစ် ဘယ်လိပ်စာနဲ့စာမဆို ငါ့ဆီအရင်လာပေးပေး”

“ဟုတ် ဟုတ်မမလေး”

ပြောစရာရှိတာပြောပြီး စားပွဲတွင်ဝင်မထိုင်တာကြောင့် ညို့အား ဘာဖြစ်လို့လဲဆိုသောအမေးမျက်ဝန်းတွေနှင့်ကြည့်နေသည်။ ပြောပြီးသည်နှင့် ညို့လှည့်ထွက်မည်အပြု။

“မမလေး”

“အင်း”

“မနက်စာမစားဘူးလားဟင်”

“ဒီအိမ်မှာ လူတွေအများကြီးရှိတာ ငါတစ်ယောက်တည်းထိုင်စားရမှာလား လှိုင်းရာရဲ့။ အသစ်ဆိုတော့ ငါပြောပါ့မယ်။ ဒီအိမ်မှာက အလုပ်ရှင်၊အလုပ်သမားဆိုပြီး ခွဲစားရတာမဟုတ်ဘူး။ ဒီအိမ်ရဲ့မိသားစုဝင်တွေမို့ တစ်စားပွဲတည်းစားရတယ်။ ဘာလဲ အစ်မမေရီမပြောပြန်ဘူးလား”

“ပြောထားပေမယ့်လေ မမလေးက..”

“ငါကဘာဖြစ်တုန်း”

“မကြိုက်လောက်ဘူးထင်လို့”

“ဒီစည်းကမ်းတွေငါသတ်မှတ်တာပဲ ဘယ်မကြိုက်ပဲရှိလိမ့်မလဲ”

“ဟုတ်ကဲ့ ဟို..ခုနကစာဆိုတာလေမမလေး ဒေါ်ကြီးဆေးရုံကမဆင်းခင်ရက်ကစာတစ်စောင်ရောက်တယ်။အစ်မမေရီကိုပေးထားပါတယ်။”

“ဟုတ်ပြီဟုတ်ပြီ အစ်မမေရီလာရင်သာ လာခေါ်လှည့်။ ငါဆိုင်ဘက်မှာရှိတယ်”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now