Unicode
ညို့ရဲ့နိုးထချိန်ဟာမနက်အာရုံတက်ချိန်လေးနာရီ။ အုန်းမောင်းခေါက်သံကြားဆို လူးလှိမ့်နေတဲ့အိပ်ယာကထပြီး ဆံပင်တွေစည်းနှောင်လိုက်တာပဲ။ ဘေးနားဆီကြည့်တော့ ညို့ရဲ့အသက်ဟာ အိပ်မောကျနေတုန်း။ မနက်ခင်းရဲ့အလှတွေထဲ ညို့ဘေးနားကအလှတရားလေးကပိုလို့လှနေလေရဲ့။ဆံနွယ်လေးတွေသပ်တင်ပေးရင်း တစ်ခဏလေးတော့ငေးမိလိုက်သည်။
“မနက်ခင်းတိုင်းမင်းကိုမြင်နေရမယ့်အချိန်ကိုကျွန်တော်မျှော်လင့်တယ် မင်းကိုကျွန်တော့်အပိုင်လေးဖြစ်စေချင်လိုက်တာမယ်ရယ်”
ခပ်တိုးတိုးကလေးရေရွတ်လို့ အိပ်ယာပေါ်မှထကာ ညို့ရဲ့တစ်နေ့တာကိုစတင်ဖို့ပြင်ဆင်လိုက်သည်။ ရေမိုးချိုးပြင်ဆင်ပြီး အချိန်ကြည့်တော့ ၅နာရီ။ ညို့ရဲ့ပုံစံဟာမြင်ဖူးနေကျပုံစံနှင့်မတူ။ ဆံနွယ်အားလုံးကို စုစည်းကာ ထမီအစား ဂျင်းသားခေါင်းလောင်းဘောင်းဘီကနေရာယူထားသည်။ အရပ်မြင့်မြင့် နှင့်ညို့ကဆွဲဆောင်မှုအရှိန်အဝါဟာတစ်မျိုးပြောင်းလျက်။
အိပ်မောကျနေသူအတွက် စာတစ်စောင်ထားခဲ့ပြီးအောက်ထပ်သို့တိတ်တဆိတ်ဆင်းလာခဲ့သည်။အိမ်ရှေ့ကားအနားမှာ ကျောပိုးအိတ်လေးတစ်လုံးနှင့်အစ်မမေရီကအသင့်စောင့်နေသည်။
“အကုန်ပါတယ်မလား”
“အင်း အဲ့စာရွက်စာတမ်းတွေကို ကိုအောင်ကျော်ကိုပေးလိုက်တော့နော်မှိုင်း သူစီစဉ်ပေးလိမ့်မယ်”
“အစ်မသွားဆက်သွယ်လိုက်သေးလို့လား”
“မနေ့က အဲ့အကြောင်းနောက်မှပြော ခုကိုအောင်ကျော့်ကိုဝင်ခေါ်ပြီး ရန်ကုန်တန်းဆင်းတော့ ငါဒီဘက်ကကိစ္စတွေအကုန်တာဝန်ယူတယ်”
“ကျေးဇူးအစ်မ မယ့်ကိုစိတ်ချမယ်နော် သေချာစီစဉ်ပေးလိုက်ပါ ကျွန်တော်စာတော့ရေးပေးခဲ့တယ်”
“အင်းပါစိတ်မပူနဲ့ကဲကဲနောက်ကျနေမယ် သွားတော့”
အပေါ်ထပ်ကမီးရောင်ခပ်မှိန်မှိန်ရှိနေတဲ့အခန်းဆီလှမ်းကြည့်ရင်းသက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ကားထဲသို့ဝင်လိုက်သည်။တစ်စုံတစ်ခုကိုသတိရမိသွားတော့ ကားပေါ်မှအလျင်အမြန်ဆင်းကာ ညို့လျှို့ဝှက်ခန်းလေးဆီအမောတကောပြေးရသည်။အစ်မမေရီ၏အမေးကိုတောင်ပြန်ဖြေချိန်မရ။
YOU ARE READING
ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်
Romanceကံ့ကော်တွေရှိတဲ့အရပ် ငါ့နှလုံးသားတစ်စုံ "နမော်နမဲ့"နဲ့ ကျဆုံးခဲ့ရတယ်လေ။ အနိုင်ရသူကတော့ မင်းပါပဲ။