အပိုင်း(၂)

3.6K 307 6
                                    

Unicode

ကျောင်းစတက်ရမည့်နေ့။

မနက်ခင်းခပ်စောစောနိုးနေသည်ထက် တစ်ညလုံးအိပ်မရသည်ကပိုမှန်သည်။ ပြတင်းပေါက်မှ နေရောင်ခပ်စူးစူးကတော့ သူ့တာဝန်ကိုထမ်းဆောင်နေချေပြီ။ ကုတင်မှထကာ ကျောင်းသွားဖို့သာပြင်ဆင်လိုက်တော့သည်။

"မှိုင်း နင်ငါနဲ့သွားမလား"

"ဟင် အင်း သွားမယ်လေ"

"ပြီးရော"

အယ်ဝါးနှင့် နှစ်ယောက်သား ထွက်လာခဲ့သည်။ အယ်ဝါးက ပေါက်ပေါက်ဖောက်သလောက် မှိုင်းညို့ရိီကတော့ အင်းတစ်လုံးနဲ့သာပြီးနေသည်။ ဂျက်ဆင်ဘုရားကျောင်းရှေ့အရောက်တွင်တော့ အပြေးတစ်ပိုင်းရောက်လာတဲ့ ယောက်ျားတစ်ယောက်နှင့်တိုးလေသည်။

"အယ်ဝါး နင့်အမိုး ဖုန်းဆက်တယ် မြန်မြန်လာ"

"ဖိုးယွား အရေးကြီးတယ်တဲ့လားဟင်"

"ဘယ်သိမတုန်းဟ ဖုန်းဝင်လာလို့လာခေါ်တာလေ"

အယ်ဝါးတစ်ယောက် ညို့ဘက်ကို ‌ကြည့်လာသည်။ နားလည်တယ်ဆိုတဲ့ပုံစံမျိုးနှင့်ခေါင်းငြိမ့်ပြတော့မှ ထွက်သွားတော့သည်။ ဒီတော့လည်း ဂျက်ဆင်လမ်းချိုးမှသည် အဓိပတိလမ်းထက်တွင် သူတစ်ကိုယ်တည်းသာ။

ဆောင်းလေတဖြူးဖြူးကြား အဓိပတိလမ်းမှာ မြူမှုန်ရီရီတွေကြောင့် ခပ်ဝေဝေ။ ရာမညဆောင်သို့ ဆက်သွယ်ထားသော ဖြတ်လမ်း‌ရှိသော်လည်း ပထမဆုံးရက်မို့ အဓိပတိလမ်းမကြီးဘက်ကသာ ပတ်သွားဖြစ်သည်။

ကျောင်းတော်ကြီးကတော့ နွေးထွေးစွာကြိုလင့်လျက်ပင်။ ကျောင်းသူကျောင်းသားတို့ရဲ့
ပျော်ရွှင်ဖွယ်ကျောင်းသားဘဝစတင်လေပြီ။

ရာမညဆောင်သို့ ဦးတည်နေသော ရှားညိုရောင်ကတ္တီပါ‌လေးနှင့် ခြေလှမ်းတစ်စုံကတော့ ကျော့ကျော့ယဉ်ယဉ်။ မန္တလေးသူပီပီ ရွှေခြေကျင်းကတော့မပါမဖြစ်ပါပေ။ ဝင်းဝင်းမိုမို့ ခြေဖမိုးလေးနှင့် ပနံသင့်လှပါပေသည်။

ထမီအတို၊အင်္ကျီခါးရှည်ဝတ်ကြတဲ့ခေတ်တွင် သူကတော့ ထမီအရှည်၊အင်္ကျီခါးတိုလက်စကနှင့်သာ။ ခါးအထိရှည်ပါသောဆံနွယ် ယိမ်းယိမ်းကို တစ်လွှာခွဲစည်းထားတာကြောင့် ရှင်းသန့်လွန်းသော မျက်နှာထားတည်တည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ အကြည့်တို့သည် ညှို့ဓာတ်မပါပါပဲ ညို့နေအောင်ကိုလှရက်ပြန်သည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now