အပိုင်း(၁၁)

2.3K 249 1
                                    

Unicode

“ဒါဆို မင်းကကျွန်တော့်အိပ်ဆေးဖြစ်ပေးမှာမို့လို့လား”

“ဟင်!”

မျက်လုံးတွေများဝိုင်းစက်လို့ ဒါလေးမေးမိတာကို။ ဒီမိန်းကလေးရဲ့အပြုအမူတစ်ခုချင်းစီတိုင်းက မှိုင်းညို့ရီဆိုတဲ့သူ့အတွက် အမြဲတမူထူးခြားမြဲ။ သူကပဲ သတိထားပြီး လိုက်ကြည့်နေမိလေသလားတော့မသိ။

“အဟက် စတာ ကျွန်တော်ကြိုးစားကြည့်ပါဦးမယ်”

မရယ်မိအောင်ကြိုးစားသော်လည်း ရယ်သံ‌ကိုခြောက်ကပ်ကပ်အသံပြု၍ အသံဟာထွက်သွားချေပြီ။

“ဟွန့် ပြီးရော”

စကားသံအဆုံးမှာ ခေါင်းတစ်ခဖက်ညိတ်ပြရင်း မျက်စိတို့ကိုမှိတ်ချထားလိုက်သည်။ စည်းဆိုတာလေ ကျော်လို့မရအောင် ဘောင်မြှင့်မှရတော့မည်။ ဒီစိတ်တွေက ဘယ်နေရာမှာသင့်တော်သွားလို့လဲ။ တာဝန်တွေကမကြေသေးဘူးလေ။

“ညို့ ညို့ ထတော့ရောက်ပြီ”

“ဟင်..အင်း”

“မှိုင်း ဘယ်လိုနေသေးလဲဟင် သက်သာရဲ့လား”

ကားတံခါးဖွင့်ရုံရှိသေး။ အယ်ဝါးရဲ့ အသံဝဲဝဲလေးက ဆီးကြိုနေသည်။ သွယ်လည်းတော်တော်စိတ်ပူနေပုံပင်။

“ဘာမှမဖြစ်ဘူး ဒီမှာကြည့်အကောင်းအတိုင်းပဲ”

“နင်ကတော့လေ”

“မယ်ရှင် ညမိုးချုပ်နေပြီ သန်လျင်ဘယ်လိုပြန်မလဲ”

သွယ့်အသံကြားမှ သူသတိရသည်။ ဟုတ်သားပဲ။ နမော်နမဲ့က သန်လျင်ပြန်ရမှာပဲ။ သူ့ကြောင့် ညကြီးမိုးချုပ်မှ ပြန်ရတော့မည်။

“ငါသန်လျင်မပြန်လည်း ကိစ္စမရှိပါဘူး”

“ဘယ်လို..”

“ငါ ငါမေမေ့ဆီသွားအိပ်လိုက်မယ်”

“မေမေ?”

“အင်းလျားလမ်းမှာမေမေရှိတယ် အဲ့ဒီကိုပဲသွားအိပ်လိုက်မယ် စိတ်မပူကြပါနဲ့ ညို့လည်းဂရုစိုက်နော် နောက်နေမကောင်းမဖြစ်တော့နဲ့ ငါသွားပြီ”

“နေ..နေဦးလေ”

အသံတောင်မဆုံးသေး ဆလွန်းကားအနက်ရောင်လေးက သူတို့အနားကနေ ထွက်သွားချေပြီ။ ပျောက်ကွယ်သွားသည့် ဆလွန်းကားလေးကိုကြည့်ရင်း ဘာရယ်ကြောင့်မှန်းမသိ သက်ပြင်းတွေချမိတာ အခါခါ။ ထို့နောက်တွင်တော့ သီရိဆောင်ကြီးလည်း ညနက်နက်ထဲမှာ ငြိမ်သက်လို့ အဆောင်သူတွေလည်း အိပ်စက်လို့။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now