အပိုင်း(၃၅)

1.9K 220 8
                                    

Unicode

စိတ်ပင်ပန်းလာတဲ့အခေါက်အရေအတွက်တွေအတိုင်း အိပ်‌မရရက်တွေတိုးလာခဲ့၏။ အိပ်စက်မိရင်တောင် ညှာတာခြင်းမရှိသော အိပ်မက်ဆိုးတွေက နှိပ်စက်လွန်းသည်။ မသောက်ပဲထားခဲ့သည့်အိပ်ဆေးတွေဆီ လက်လှမ်းမိပြီးမှ မဖြစ်သေးဘူးဆိုတဲ့စိတ်နဲ့ လက်ပြန်ရုတ်လိုက်ရတဲ့အခိုက်အတန့်ညနက်နက်တွေ သိပ်ခက်လွန်းသည်။ အိပ်မရမယ့်အတူတူ၊အိပ်မက်ဆိုးတွေ နှိပ်စက်မယ့်အတူတူ အိပ်ရာပေါ်ကထပြီး စာကြည့်စားပွဲပေါ်က မီးအိမ်ကလေးကို အားပြုကာ ကုလားထိုင်‌တွင်သာထိုင်နေလိုက်မိသည်။ သိပ်ဖိအားများလာတဲ့အခါ ကြလူတွေလွတ်ထွက်သွားတာ ဒါကြောင့်နဲ့တူပါရဲ့။

စားပွဲအံဆွဲလေးထဲက အဖေ့ရဲ့တံဆိပ်နဲ့ လွယ်အိတ်လေးထုတ်ကြည့်မိသည်။ ညို့အားတင်းနေခဲ့တာ သတင်းအတိအကျမရသေးသည့် အဖေ့ကို အသက်ရှင်လိက်ပြန်တွေ့ရဖို့ပါ။ ခုတော့ ရည်မှန်းချက်ကလေးမယိုင်ပေမယ့်အားအင်တွေလျော့သွားရသည်။စာရွက်စာတမ်းတွေက သက်သေစုတဲ့အနေနဲ့ ကိုအောင်ကျော်ဆီမှာရောက်နေပြီပင်။ လှိုင်းရာစုပေးမယ့်သက်သေမူရင်းတွေသာရရင် ဦးခန့်ထည်မလွတ်မြောက်နိုင်တော့ပေ။

“ကျွန်တော်ကြောက်တယ် ကျွန်တော့်မှာကျန်ရှိနေတဲ့ ချစ်ရသူတွေကို ထပ်မကာကွယ်နိုင်မှာကြောက်တယ် သတ္တိရှိချင်ယောင်ဆောင်နေလည်း တကယ်တမ်းကျကြောက်နေတယ်”

ဒီအခန်းကြီးထဲ တစ်ယောက်တည်းစကားပြောနေမိတော့ နည်းနည်းကြောင်တောင်တောင်နိုင်တာပေါ့။ သက်ပြင်းယဲ့ယဲ့လေးချမိရင်း ပြတင်းပေါက်အနားသွားရပ်နေမိသည်။ မှောင်မိုက်နေတဲ့ အာကာပြင်လည်း ရောင်နီလေးသန်းလာချေပြီ။ သိပ်လှတဲ့အာရုဏ်ဦးဆည်းဆာကိုမြင်တော့ ညို့မှာလည်း အမှောင်ချိန်တွေကုန်ဆုံးပြီး အာရုဏ်ဦးဆည်းဆာချိန်ရောက်လာနိုင်သေးတာကို သဘောပေါက်လိုက်မိသည်။ ပျော်ဖို့ကံပါရင်ပျော်ရမှာပေါ့တဲ့။ ဒီစကားဟာသိပ်မှားတာလို့ ညို့သတ်မှတ်မိသည်။ ကံဆိုတာကအလုပ် လူကိုယ်တိုင်ဖန်တီးလို့ရသည်ပဲလေ။ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးယောင်သန်းသွားပြီး လှိုင်းရာဆီ လျှို့ဝှက်တွေ့ရန် သွားဖို့ရာပြင်ဆင်လိုက်တော့သည်။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now