အပိုင်း(၁၉)

2.2K 278 7
                                    

Unicode

အစ်မမေရီဆီက စာပို့လာတာမို့ ညို့တစ်ယောက် စာတိုက်ပုံးဆီ အပြေးအလွှားသွားရသည်။ စာထဲတွင်တော့ မျက်ခြေဖြတ်မရတာကြောင့် သုံးရက်ထက်ပိုကြာနိုင်ကြောင်း ရေးသားထားသည်။ ညို့ကိုဂရုစိုက်ဖို့ ထပ်တလဲလဲမှာသည်။ အစ်မမေရီစိတ်ပူတာလည်းမလွန် ပထမတစ်ရက်တွင်ပင် တစ်ခုခုလွဲမှားနေခဲ့သည်။ ကိုအောင်ကျော်တော့ ရန်ကုန်ပြန်ရောက်ဖို့လိုသေးသည်။ တစ်လဝန်းကျင်တောင်မရှိသေးပဲကို။ စာမေးပွဲအတွက်ပြင်ဆင်နေရသည်မို့ တစ်ဖက်တွင်လစ်လပ်သွားလောက်မည်မှာအမှန်။ ညို့ချစ်တဲ့သူတွေကိုကာကွယ်ဖို့ဆိုလျှင် တစ်ခုခုတော့လုပ်မှဖြစ်တော့မည်။

အဆောင်သို့ခြေချေ ပြန်လာပြီး ကျောင်းသွားဖို့ရာ ပြင်ဆင်လိုက်သည်။ အယ်ဝါးတို့နှင့်အတူ အဆောင်အောက်ရောက်တော့ တာဝန်မပျက်သော ဆလွန်းကားလေးက ကြိုလင့်သည်။

“လှပြီးသားဆိုတာကို မယုံပဲ အလှတွေပြင်ထားကြတာကြည့်ပါဦး မယ်ရှင်လင်္ကာရဲ့စက္ခုအလင်းကို မယုံသင်္ကာရှိလိုက်တာ”

“မယ်ရှင်ရယ် နင်မြန်မာစာကမှန်းသိပါတယ် အဲ့လောက်ကွန့်မြူးမနေနဲ့”

“အော် အယ်ဝါးရယ် ဝင်္ကဝုတ္တိအလင်္ကာလေးတော့ သုံးပါရစေဦး”

“တော်ပါပြီဟယ် ကျောင်းနောက်‌ကျဦးမယ် စာမေးပွဲကဖြေရတော့မယ် အဲ့ကျမှ နင့်အစွမ်းတွေ စာ‌ထဲထည့်ဖြေခဲ့”

‌တစ်ယောက်တစ်ခွန်းအပြိုင်အဆိုင်ပြောနေကြသည့် ကြက်တူရွေးနှင့်စာကလေးအား ဘေးကရုပ်ထုနှစ်ရုပ်ကပြုံးပြုံးကြီးကြည့်နေခဲ့ပါသည်။

“သွားမယ် ကျွန်တော်အချိန်မရလို့”

“အင်းအင်း သွားမယ် ညို့ အရှေ့လာထိုင်”

ဒီဖိတ်ခေါ်သံဟာ ညို့အတွက်အဆန်းမဟုတ်ချေတော့။ မနေချင်ပါဘူးလို့လည်း မငြင်းမိခဲ့တာကြာခဲ့ပြီ။ အလိုအလျောက်လှမ်းမိသော ခြေလှမ်းတို့က အကျင့်ပါနေချေပြီ။

တစ်လမ်းလုံးဘာစကားမှမပြောပဲ ငြိမ်သက်လွန်းသည့် ညို့အား သိပ်ဘဝင်မကျလှ။ အခါတိုင်း မျက်နှာတည်နေတတ်ပေမယ့် မျက်ဝန်းတွေကကြည်နေတတ်သည်။ အခုတော့ အဓိပ္ပာယ်ဖော်မရသော မျက်ဝန်းတို့က ခပ်မှိုင်းမှိုင်းရယ်။ မေးရင်လည်း ညို့ဆိုတဲ့မိန်းမက ပြောပြမှာတဲ့လား။ စာသင်ဆောင်ဝန်းထဲရောက်တော့ ကားပေါ်မှ ဆင်းမယ်ပြင်နေတဲ့ ညို့အား လက်လှမ်းဆွဲထားမိသည်။ ဒီတော့ ပြန်ရတာက အံ့ဩခြင်းမျက်နှာထား။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now