အပိုင်း(၂၇) Zawgyi

756 26 0
                                    

Zawgyi

မှောင်ရီပျိုးပျိုးအချိန်။ လူရိပ်လူယောင်မကွဲတော့တဲ့ ညနေအချိန်ကြီး။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရိပ်သန်းအုံ့ဆိုင်းကာ အိမ်ကြီးတစ်ခုလုံးသည်လည်း အပ်ကျသံပင်ကြားနိုင်ဖွယ်ရာငြိမ်သက်နေချေသည်။ ကျွန်းလှေကားကြီးမှတစ်ဆင့်တက်လှမ်းလာသော ခြေသံခပ်စိတ်စိတ်ကြားနေရသည်။ မီးအလင်းရောင်ဟာမာကျူရီမီးသီးရဲ့ အဝါရောင်ဖျဖျပဲရှိနေသည်။ ထိုမီးရောင်ရဲ့အကူအညီနဲ့မြင်တော့ရသော ခပ်စူးစူးမျက်လုံးတစ်စုံဟာကြောက်မက်ဖွယ်ရာ။ မျက်ခုံးတွေစုကျုံ့ထားပုံသည် တစ်စုံတစ်ခုကို အတော်လေးအလိုမကျနေဟန်။

ကျွန်တော်ရောက်ပါပြီအစ်ကိုကြီး

တောက်! မင်းဘယ်လိုအလုပ်လုပ်နေတာလဲ မင်းရှင်

မဟုတ်ဘူးအစ်ကိုကြီး ကျွန်တော်ရှင်းပြ..

တော်တော် တော်စမ်းကွာ! စောက်သုံးမကျတဲ့ကောင် ခုထိနောက်ကွယ်မှာဘယ်သူရှိမှန်းမသိသေးတာကို ငါ့ကိုရှင်းပြချင်နေတာလားကွ!

.....

ခုမင်းကိုသိသွားပြီ ငါ့ကိုမကြာခင်ရိပ်မိတော့မယ့်အခြေအနေ မင်းဘာလုပ်မယ်စိတ်ကူးလဲ အေးကြိုပြောထားမယ် ငါ့အမိန့်အတိုင်းမလုပ်ရင်တော့ မင်းမိသားစု...ဟင်း ဟင်း မလွယ်ဘူးနော်

ရယ်မြူးရိပ်သန်းသန်းနဲ့ စကားတစ်လုံးချင်စီကိုဆိုတယ်။ အသံအက်အက်ကြီးကအေးစက်နေတဲ့ ပတ်ဝန်းကျင်အခြေအနေထဲ ကြောက်ခမန်းလိလိပဲ။ ဦးမင်းရှင်တစ်ယောက် ဇောချွေးတွေပြန်လာသည်။ ဒီလူအကြောင်းသူအသိဆုံး။ ရုန်းထွက်မရအောင်လည်း ထိန်းချုပ်ထားလေတော့ နှစ်ပေါင်းများစွာတိုင်အောင် သူဟာ ကြိုးဆွဲရာအတိုင်းကခဲ့ရသည်။ သူ့ကာကွယ်ချင်စိတ်ဟာ တစ်ကိုယ်ကောင်းဆန်တာသိပေမယ့် မညှာမတာလုပ်ရပ်တွေလုပ်ရင်း ကာကွယ်ရမယ့်အရာတွေကို တစ်ထစ်ချကာကွယ်နေခဲ့သည်။

အစ်ကိုကြီး ကျွန်တော် ကျွန်တော်အကောင်းဆုံးလုပ်ပါ့မယ် ကျွန်တော့်မိသားစုကိုချမ်းသာပေးပါ တောင်းပန်ပါတယ် ထပ်မမှားစေရပါဘူး အစ်ကိုကြီး ကျွန်တော့်ကိုအခွင့်အရေးပေးပါ

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now