အပိုင်း(၃)

3.2K 297 2
                                    

Unicode

ဦးချစ်ဆိုင်အတွင်းရှိ ထောင့်စွန်းဝိုင်းလေးတွင်ထိုင်နေသော မိန်းမပျိုလေးယောက်အကြား ပြဿနာဖြေရှင်းခန်းကို ပိတ်ကားဖွင့်ချလိုက်သည်။ ပြဿနာအရင်းခံနှစ်ယောက်အတွက် အဓိကဖြေရှင်းရသူမှာ အယ်ဝါးပင်။ လက်ထောက်ဖြေရှင်းသူကတော့ သွယ်ပေါ့။

ပြုံးစစဖြစ်နေတတ်တဲ့သွယ်က အယ်ဝါးရဲ့ မျက်လုံးမှေးမှေးလေးဆီမှ မျက်စောင်းလေးတွေကို လက်ခံရရှိတတ်သေးသည်။

"ကဲကဲ နေကြပါဦး မှိုင်းရော သွယ်ရော မှတ်ထားနော် သူ့နာမည်က မယ်ရှင်လင်္ကာတဲ့ ငါနဲ့တစ်တန်းတည်း"

အရှေ့ဆီမှမိန်းကလေးကပြုံးပြုံးလေးသာ။ အဲ့လိုအပြုံးတွေကို ဘဝင်မကျဖြစ်နေသူကတော့ သူကိုယ်တိုင်သာ။ မျက်နှာလွှဲပစ်ခဲ့သည်။

"မယ်ရှင် ဒါကတော့ မှိုင်းညို့ရီတဲ့ ခုနတုန်းက နင်သူ့နာမည်ကို ခေါ်လိုက်သလားလို့"

"ဟုတ်တယ်လေ ပထမတစ်ခါဆုံဖူးတယ် ငါအဆောင်မှားလို့ပြန်အထွက် ဝင်တိုက်မိတာ အဲ့ဒါ..."

"ဘာဖြစ်လဲ အဲ့ဒီတော့.."

"နမော်နမဲ့"ရဲ့ အသံကို ဘာဆက်ဖြစ်မလဲသိချင်နေသလိုမျိုး နားစွင့်နေခဲ့မိသည်။ သူကမှတ်မိနေခဲ့တာလား။

"အဲ့ဒါ နေ့လည်ထပ်သွားတော့ သူကအတန်းပြီးလို့ပြန်ပြီတဲ့ အဲ့မှာနာမည်မေးလာခဲ့တာ"

"နေ့လည်တောင်ထပ်သွားသေးတယ်?"

ဘာစကားမှမပြောတော့ပဲ ပြုံးပြီးသာကြည့်နေပြန်သည်။ ဒီအပြုံးတွေကို သဘောမကျဘူး။
တကယ်မကြိုက်ဘူး အဲ့ဒီအကြည့်တွေ။

_မင်းက တကယ်ပဲ ဘာပါလိမ့် "နမော်နမဲ့" ရယ်_

"ဒါက သွယ်ခက်ယှဉ်တဲ့ မှိုင်းရော သွယ်ရောက ငါနဲ့အဆောင်တူ တစ်ခန်းတည်း"

"တွေ့ရတာ ဝမ်းသာပါတယ် မယ်ရှင်"

"‌ဟီး သူငယ်ချင်းတွေဖြစ်ပြီနော်သွယ် တို့ကို ခင်မယ်မလား"

"ခင်မှာပေါ့ လူများလေကောင်းလေပဲကို"

"ဒါဖြင့် ညို့ကရော"

"ညို့••"

မှိုင်းညို့ရီဆိုတဲ့ သူ့ဘဝတွင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ "ညို့"ရယ်လို့ မခေါ်ခဲ့ဖူးပါချေ။ နေလာခဲ့တဲ့ လူမှန်းသိတတ်စအရွယ်ကနေ ခုချိန်အထိတိုင် ဘယ်သူမှမခေါ်ခဲ့ကြ။ ဘာမှလည်းမတုံ့ပြန်မိ။

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now