အပိုင်း(၂၂)

2.2K 256 11
                                    

Unicode

ပုံမှန်အတိုင်းလှုပ်ရှားရုန်းကန်ဖို့အတွက် နေ့တစ်နေ့အစဟာရောင်နီသန်းလာပါသည်။ ပွဲရုံဘက်သွားစရာရှိတာကတစ်ကြောင်း အမည်မပါ လိပ်စာမပါပဲ ရောက်လာသောစာတစ်စောင်ကြောင့်လည်း အထွေထွေအပြားပြား စဉ်းစားခဲ့ရပြီးပြီ။ ဒီလိုချိန်မှာ ကိုအောင်ကျော့်ဆီကထပ်ဆက်သွယ်လာမှာကိုပဲမျှော်လင့်နေရသည်။

မှန်တင်ခုံရှေ့ ပြင်ဆင်ရင်း မှန်ထဲမှ ပေါ်လွင်သော ရုပ်ပုံညို့ဟာ အပြင်မှညို့ကိုစိန်ခေါ်နေသယောင်ယောင်။ နင်လုပ်နိုင်လို့လားလို့ အော်ဟစ်မေးနေသယောင်ယောင်ထင်မိသည်။ ခါးကိုမတ်လို့ လက်သီးဆုပ်တွေတင်းကြပ်နေသည်အထိဆုပ်ထားမိသည်။ ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း၊ သန်မာချင်ယောင်ဆောင်ဆောင် ညို့ဆိုတဲ့သူ့မှာလည်း ကြောက်စိတ်လေးခိုအောင်းနေသေးသည်။

“မှိုင်းညို့ရီ နင်ဘာတွေတုန်လှုပ်နေပြန်သလဲ ဟင် နင့်မိဘအတွက် နင်ချစ်တဲ့လူတွေကိုကာကွယ်ဖို့ လုပ်နေတာ မပျော့ညံ့စမ်းနဲ့”

ကြက်သွေးရောင်ပြောင်ပေါ် ရွှေဝါရောင်အနားကွတ် ကနုတ်ဆင် ထမီ။ လက်ပြတ်ခါးတို အဝါနုလေးကိုဝတ်ဆင်ထားသောအမျိုးသမီး၏သွင်ပြင်သည် တစ်ချက်ကြည့်ရုံနှင့်အရှိန်အဝါတစ်ခုခုကို ခံစားရမည်မှာအမှန်။ ခြေကျင်းဝတ်က ရွှေခြေကျင်းအစုံသည် ထည်ဝါမှုနဲ့အရှိန်အဝါကိုထောက်ပံ့နေချေသည်။ မျက်နှာထားတင်းတင်းကတော့ တစ်ချက်လေးတောင်လျော့မသွားပါချေ။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံကြားမှ အ‌တွေးပြတ်ကာအသိစိတ်ဝင်လာသည်။

“ဘယ်သူလဲ”

“မမလေး လှိုင်းရာပါ အစ်‌မမေရီကအဆင်သင့်ဖြစ်ကြောင်းပြောခိုင်းလိုက်လို့ပါရှင်”

မဆိုင်းမတွဖြေလာသောအသံကြားမှ ညို့အသိစိတ်ထဲ လုပ်စရာတွေတန်းစီနေမှန်းသတိရသွားရသည်။ အခန်းထဲဝင်ခွင့်ပေးဖို့သတိရပေမယ့် မဝင်ခိုင်းဖြစ်တော့။

“ကားထဲကစောင့်ဖို့ပြောလိုက်ပါ လှိုင်းရာ”

“ဟုတ်ကဲ့မမလေး”

ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်Where stories live. Discover now