Unicode
စာကြည့်ခန်းထဲ ပြိုလဲနေတဲ့စိတ်တွေခါထုတ်ရင်း လှမ်းထွက်ခဲ့ရသည်။ အပေါ်ထပ်ကမိန်းကလေးအတွက် အိတ်သယ်ပေးမယ်ပြောခဲ့တာပဲ။ ညို့တစ်ယောက် နမော်နမဲ့ရဲ့ကားထိုးရပ်ထားသည့်နေရာအထိ လျှောက်သွားရင်း အဝတ်အိတ်လေးကိုဆွဲယူလိုက်သည်။
“မမလေး ပေးပေး ကျွန်မသယ်ပေးပါ့မယ် ”
အပြင်ဘက် အမှိုက်ပစ်ထွက်လာသော လှိုင်းရာကအနားလေးအပြေးရောက်လာသည်။
“နေနေ လှိုင်းရာ ငါ့ဘာသာသယ်သွားပါ့မယ် လုပ်စရာရှိတာလုပ် လုပ်စရာမရှိရင် နားနေ ဟုတ်ပြီလား”
“ဟုတ်..ဟုတ်ကဲ့ မမလေး”
အိတ်ကိုအသယ်မခိုင်းလို့ ထူးဆန်းတယ်ထင်နေပုံရတဲ့ မျက်နှာကြောင့် ညို့တစ်ယောက်ရယ်ချင်ချင်ဖြစ်သွားရသည်။ တကယ်တွေးနိုင်တဲ့ကလေးမ။အိမ်အဝရောက်တော့ ဧည့်ခန်းထဲ ထိုင်နေသော ဒေါ်ကြီးကိုတွေ့ရသည်။မျက်နှာမကောင်းတာကို သဘောပေါက်ပုံရတဲ့ ဒေါ်ကြီးကတော့ သွားနားဆိုတာကိုပဲပြောရှာသည်။ လေးလံနေတဲ့စိတ်တွေနဲ့ နှလုံးသားတွေအပိုင်သိမ်းခံရတဲ့နယ်မြေဆီလှမ်းရသည်။
အခန်းထဲရောက်တော့ ဝေ့ဝဲကြည့်ရင်း ဟိုမိန်းကလေးရေချိုးနေတုန်းမို့ ကုတင်ပေါ်တွင်သာ အိတ်တင်ထားရင် တိတ်တဆိတ်ထိုင်နေမိသည်။ဘယ်လိုခေါ်ထုတ်ရမလဲ။ အဲ့ရပ်ဝန်းတွေမင်းဆီမသက်ရောက်အောင်ဘာတွေလုပ်ရမလဲ။ အတွေးထဲ ဒါတွေချည်းထပ်နေသည်။
“ညို့ ညို့ ညို့လို့!”
“ဟင် အင်း”
ကယောင်ကတမ်းထူးမိသည့်နောက်မှာ ခေါ်သူဆီမျက်လုံးတွေရောက်ရှိသွားသည်။ အပေါ်ခြုံတဘက်လွှားထားပေမယ့် ဒီအခြေအနေကြီးဟာ ညို့အဖို့ မုန်တိုင်းထန်စေသည်။ အလျင်အမြန်မျက်နှာလွှဲလိုက်ရသည်။ သိပ်အတင့်ရဲလွန်းတယ်မဟုတ်ဘူးလား။
“တွေးလှချည်လား”
“မ မတွေးပါဘူး..ဒီ ..ဒီမှာ မင်းရဲ့အိတ် ကျွန်တော်အောက်ဆင်းဦးမယ်”
ပြောနေတုန်းရှိသေး ညို့အနားမှာအထိအတွေ့တစ်ခုဟာအေးခနဲ။ ညို့ဘေးနားလာဝင်ထိုင်နေတာ။ ညို့တစ်ကိုယ်လုံးရဲ့အပူလှိုင်းကို ခံစားမိနေသည်မို့ နေရာမှအမြန်ထလိုက်ရသည်။
YOU ARE READING
ခိုလှုံခဲ့ဖူးသော ကံ့ကော်ရိပ်
Romanceကံ့ကော်တွေရှိတဲ့အရပ် ငါ့နှလုံးသားတစ်စုံ "နမော်နမဲ့"နဲ့ ကျဆုံးခဲ့ရတယ်လေ။ အနိုင်ရသူကတော့ မင်းပါပဲ။