Unicode
ရိပ် ကားနဲ့တိုက်မိကတည်းက ခြေထောက်က ခုဆိုအတော်ကောင်းနေပြီဖြစ်သော်လည်း မာမီကတော့ စိတ်မချလို့ဆိုပြီးကျောင်းတော့မသွားရသေးပေ။
''ဒေါက်....ဒေါက် ''
''ဝင်ခဲ့လေ ''
ဝင်လာတာကတော့ ရိပ်ရဲ့သူငယ်ချင်း မာန်ခနဲ့ကြည်ပြာ ဖြစ်နေလေရဲ့။
"ဘာကိစ္စလဲ"
''ကောင်စုတ် နင်ဖြစ်နေတာကိုဖုန်းဆက်ပြီးပြောဖော်မရဘူး ငါ့တို့နှစ်ယောက်မှ နင်ကျောင်းမလားလို့ စိတ်ပူနေတာ ''
''အမှတ်မထင်ပဲဖြစ်သွားတာဆိုတော့ ငါ့လည်းဖုန်းဆက်ပြောဖို့မေ့သွားတာဟာ.....''
''အေး ဒါနဲ့အတော်ထိသွားတာလား ''
''များကြီးမဟုပါဘူး ခြေထောက်လေးအဆစ်လွဲသွားတာ ''
''အေး ဂရုစိုက်အုံး.....''
''နင်သူငယ်ချင်းပဲ ဒီလောက်ကတော့အပျော့.....''
''ဒါဆိုရင်တော့ပါလာတဲ့မုန့်တွေပေးစရာမလိုတော့ဘူးဆိုတော့ ငါ့တို့ပဲပြန်ယူသွားတော့မယ်.......''
''သူငယ်ချင်းလေးကလည်း စတာကို......''
''ရော့ ဒါကနင့်အတွက်မုန့်တွေ စေတနာပျက်အောင်မလုပ်နဲ့ ဟွန့်.......''
မျက်စောင်းခဲကာပြောလာတဲ့ကြည်ပြာကြောင့် ရိပ် ဟီးကနဲ့ရီပြမိလိုက်မိ၏။
''အများကြီးပဲ အဲ့ကြောင့်ငါ့သူငယ်ချင်းလေးတွေကိုချစ်နေတာ ''
ပေးလာတဲ့မုန့်တွေကိုလှမ်းယူကာရိပ်ပြောလိုက်တဲ့စကားကြောင့် အကြောင်းသိနေတဲ့ကြည်ပြာကနေ အကြောင်းသိတယ်ဆိုတဲ့ ပုံစံလုပ်ကာ။
''တော်စမ်းပါ ''
"ငါ့အတည်ပြောတော့လည်း နင်ကမယုံတာ "
"ယုံချင်စရာဆိုတော့"
''ဒါနဲ့ နင်တို့နှစ်ယောက်ကျောင်းသွားမှ ဟုတ်ရဲ့လား ဒီလောက်ပြင်ဆင်ထားပုံနဲ့ ''
မျက်မှောင်ကြုတ်ပြီးမေးလာတဲ့ ရိပ်ရဲ့အမေးကို မာန်ခကနေ တဟဲဟဲရီနေရင်း။
''ဟဲဟဲ ငါ့တို့ကျောင်းမသွားဘူး ဒီနေ့လျှောက်လည်မလို့ ''
''မင်းတို့နှစ်ယောက်ထဲလား ''
![](https://img.wattpad.com/cover/319987516-288-k75189.jpg)
ESTÁS LEYENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...