Unicode
ရိပ်တစ်ယောက် နိုးလာတော့ မျက်နှာကျက်ဖြူဖြူကြီးတွေ့လိုက်ရသည်။ကြည့်ရတာ ရိပ်တစ်ယောက် ဆေးရုံရောက်နေပြီဆိုတာသိလိုက်သည်။ဘာလို့ဆို မနေ့က အကုန်လုံးစိတ်ချရသည့်အတွက် တင်းထားတဲ့စိတ်ကို လွှတ်ချလိုက်တော့ ဦးရင်ခွင်ထဲ သတိလစ်သွားရခြင်းဖြစ်၏။
"Baby နိုးလာပြီလား"
"ဦးကို မြင်ရလား Baby"
စေတန် Baby မျက်နှာလေးကို ငေးကြည့်နေတုန်း တဖြည်းဖြည်းပွင့်လာတဲ့ မျက်လုံးငယ်လေးတွေကြောင့် ပျော်ရွှင်စွာမေးခွန်းတရစပ်မေးမိတော့လေရဲ့။သူ့ရဲ့ Baby တစ်ခုခုဖြစ်မှစိုးရိမ်သည့်အတွက် တစ်ညလုံးမအိပ်ဘဲ မျက်နှာလေးကို အရိပ်တကြည့်ကြည့်နေခဲ့သော စေတန်အာဏာ။
"ဦး"
"Babyကို သေချာဂရုမစိုက်မိလို့ ဦး တောင်းပန်ပါတယ် "
ရိပ်ရဲ့လက်ကို ဘယ်ဘက်လက်ကိုင်ပြီး တောင်းပန်စကားဆိုလာသည့် ဦး။
"ဦး Baby ထိုင်ချင်တယ်"
"ထိုင်ရမယ်နော် Baby ခန "
သူ့ရဲ့Baby ထိုင်ရင် သက်တောင့်သက်သာဖြစ်ဖို့အတွက် သေချာစွာလုပ်ပေးနေလေသည်။
"Baby ထိုင်ရအဆင်ပြေလား"
"အဆင်ပြေတယ် ဦး"
"Baby ကို ဦး ဘယ်လောက်စိတ်ပူသွားလဲဆိုတာ သိရဲ့လားBabyကိုတောင် ဦးသေချာမစောင့်ရှောက်နိုင်ခဲ့ဘူး ဦးတောင်း..."
စေတန်တောင်းပန်တော့မည်စကားလေးကို သူ့ရဲ့ကလေးလက်သွယ်သွယ်လေးတွေက ပါးစပ်နားလေးကို ကပ်၍ တားမြစ်လိုက်သောကြောင့် ဆက်ပြောခွင့်မရချေ။
"ဦး အမှားမဟုတ်တာသိတယ်မလား ဒါကမတော်တဆဖြစ်တာမလို့ ဦး အပြစ်မဟုတ်ဘူး ဦးရဲ့အမှားလို့ ဦးတွေးမိနေရင် အဲ့ဒီအမှားအတွက် Baby ကို ပိုချစ်ပေးရမယ် ဆိုးသမျှသည်းခံပေးရမယ် ဘယ်လိုလဲ ဦး"
"Baby တောင်းဆိုစရာမလိုအောင် ဦးက ဒီတစ်ထပ်မက ကာကွယ်ပြီးပိုချစ်ပေးနိုင်ပါတယ်"
"Baby ဆေးသွင်းထားတဲ့လက်လေးက နားနေသေးလား ဆေးကကုန်သွားတာမကြာသေးဘူး Baby မနိုးခင်လေးကာမှ ဖြုတ်ထားတာဆိုတော့ ဦးရဲ့Baby လေး အရမ်းနာနေတော့မှပဲ"
STAI LEGGENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Storie d'amore''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
