အပိုင်း ၇

1.8K 40 2
                                        

Unicode

''အား.......''

ရိပ်တစ်ယောက် အိပ်ရာပေါ်ဟိုဘက်ဒီဘက်လှည့်လွန်ပြီးတော့ အိပ်ရာအောက်ပြုတ်ကျတော့သည်။

''ဟင့် သေပါပြီ ''

နာသွားတဲ့ဖင်လေးကိုပွတ်ရင်း ဘေးဖက်ကြည့်လိုက်တော့ သူရဲ့အခန်းမဟုတ်သောကြောင့် ရိပ်တစ်ယောက်လန့်သွားရပြန်လေ၏။ဒီအခန်းက ရိပ်ရဲ့အခန်းထက် နှစ်ဆမက ကြီးနေပြီး အမိုးတပ်ထားတဲ့ မီးဆိုင်းကြီးက ကြည့်ရုံနဲ့တင် ဘယ်လောက်တန်ဖိုးကြီးမှန်းသိသားစေသိအပြင် အခြားတန်ဖိုးကြီးပစ္စည်းတွေလည်းအခန်းထဲများစွာရှိနေသေးသည်။ချထားတဲ့လိုက်ကာအစကြီးကို ဖယ်ကြည့်လိုက်တော့ ရေကန်ကြီးနဲ့အစောင့်တွေများကြီးတွေ့ရသောပတ်ဝန်းကျင်ကြည့်ပြီးတော့ အိမ်တစ်လုံးမှမတွေ့ရချေ။

''အူးဝါး ပြန်ပေးဆွဲခံရတာနေမှ ''

ညက ဟိုလူကြီးကားပေါ်အိပ်ပျော်သွားရင် တစ်ခါတည်ပြန်ပေးဆွဲခံရတာထင်ကာ ပြောရင်းငိုချလိုက်တဲ့ ရိပ်.။

စေတန် ဟိုအကြောတင်းရဲ့အကြောင်းတွေးမိနေတုန်း အပေါ်ထပ်ကအော်သံကြားလို့ အမြန်အပေါ်ထပ်တတ်လာရသည်။အခန်းတံခါးဖွင့်လိုက်တော့ ထိုင်ပြီးအော်ငိုနေသောကြောင့် စိတ်ပူ၍ အလျင်အမြန်လျောက်သွားရသော စေတန်အာဏာပင်။

''ဘာဖြစ်တာလဲ ဘယ်သူကဘာလုပ်လိုက်လို့လဲ ''

ဘာမှပြန်မ​ဖြေဘဲငိုသာငိုနေသည်မလို့ စေတန်တစ်ယောက်ပျာယာခတ်နေတော့သည်။

''ကိုယ့်ကိုပြောလေ တစ်ယောက်တည်းကြောက်လို့လား ''

သူကို ခေါင်းလေးရမ်းပြလာတဲ့ အကြောတင်းလေး။

ဘယ်လောက်တောင်ငိုထားလဲ မသိ ခုချိန်ထိရှိုက်သံမပျောက်သေးပေ။ထို အကြောတင်းလေး ကုတင်အောက်မှ ထိုင်ငိုနေသောကြောင့် အအေးပတ်မှစိုးရိမ်၍ ပွေ့ချီကာကုတင်အပေါ်တင်ပေးလိုက်သည်။ခုထိရှိုက်နေသည့်အတွက် မောနေမှစိုးလို့ စားပွဲအပေါ် ရေကိုတိုက်လိုက်ရပြန်၏။

''ခု ကိုယ့်ကိုပြော ဘာလို့ငိုရတာလဲ ''

''ရိပ် ပြန်ပေးဆွဲခံရတာထင်နေတာ ''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now