Unicode
''မာမီ သားကျောင်းသွားတော့မယ် ''
''အေးအေး ဂရုစိုက်သွားနော် ''
''ဟုတ် မာမီ ''
ရိပ် ခြေထောက်အရှင်းပျောက်လို့ ကျောင်းသွားရန် bus ကားမှတ်တမ်းသို့ထွက်လာခဲ့လေသည်။ရိပ် မာမီနဲ့ဒယ်ဒီက ရိပ်အတွက် ကားဝယ်ပေးထားသော်လည်း bus ကားစီးတာလောက် မကောင်းဘူးဟူ၍ ရိပ်က ထင်မိလေသည်။ရိပ်တို့အိမ်ကတအားကြီးချမ်းသာတဲ့အထဲမပါပေမယ် ရိပ်ကိုတော့ပြည့်စုံအောင်ထားပေးထားသည့်အပြင် ဒယ်ဒီရှာထားတဲ့ပိုက်ဆံတွေကိုအလဟသာမဖြစ်အောင်သုံးတတ်တဲ့အိမ်ထောင်ရှင်မကောင်းပီသတဲ့မာမီကြောင့်လည်းပါတာကြောင့် ဟု ရိပ်အတွေးလွန်နေတုန်း ကားရောက်လာလေသည်။
''လူလေး အရင်နေ့တွေကမတွေ့မိပါ့လား ''
''ဟုတ်တယ်ဦးလေး သားခြေထောက်နည်းနည်းခိုက်မိထားလို့''
ရိပ်လည်း ပုံးထဲပိုက်ဆံထည့်ရင်ပြန်ဖြေလိုက်လေသည်။
''နောက်ဆိုဂရုစိုက်ပေါ့ကွာ ''
''ဟုတ်ကဲ့ ဦးလေး ''
ဘယ်နေရာရောက်ရောက်အချစ်ခံဖို့ဖြစ်လာတဲ့ရိပ်ကလေးပင်။
ရိပ် ဦးလေးကြီးနဲ့စကားပြောပြီး ရိပ်ထိုင်နေကျနေရာကိုကြည့်လိုက်တော့ ရိပ်ရဲ့ခုံကိုအခြားတစ်ယောက်ကထိုင်နေလေရဲ့။ဒါနဲ့ရိပ်လည်း တခြားခုံမှထိုင်ဖို့သာကြံရတော့သည်။
ဆက် ဒီနေ့ ကျောင်းကို ကိုယ်ပိုင်ကားဖြင့်မလာဘဲ bus သာစီးလိုက်သည်။ကားပေါ်သို့တတ်လာတဲ့ကောင်လေးကိုကြည့်ပြီး ဆက် အသက်ရှုဖို့ပင်မေ့နေသယောင်ဖြစ်ကာ ကားမောင်းတဲ့ဦးလေးကြီးနဲ့စကားပြောပြီး သူဆီတန်းတန်းမတ်မတ်လာပြီး ခနမျှသာသူကိုကြည့်ပြီးဟိုဘက်ခြမ်းကခုံမှသာဝင်ထိုင်လိုက်လေသည်။နားကြပ်တပ်ပြီး မျက်လုံးမိတ်ပြီးနားထောင်နေတဲ့ပုံစံလေးက မနက်ခင်းနေရောင်လေးနဲ့အပြိုင်လှနေသည့်ပုံစံပမာ။ဆက် ဘယ်လောက်ငေးနေသည့်မသိအဲ့ကောင်လေးထသွားမှသာ သတိဝင်လာသည့်အဖြစ်ကြောင့် ဆက် အဲ့ကောင်လေးနောက်အမှီလိုက်သော်လည်းမျက်ခြေပျက်သွားလေ၏။
ESTÁS LEYENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...