အပိုင်း၁၀(Unicode/Zawgyi)

1K 29 2
                                    

Unicode

ကားအနားရောက်တော့လည်း သူရဲ့ကလေးကို စေတန်ကိုယ်တိုင်ကားတံခါးဖွင့်ပေးလေသည်။ကားထဲဝင်တော့လည်း တံခါးစောင်းနဲ့မတော်တဆတိုက်မိစိုးရိမ်၍ သူရဲ့လက်လေးကို တံခါးစောင်းအနာကပ်ထားလိုက်ပြန်၏။တကယ်လို့ တိုက်ခဲ့မိရင်တောင် သူလက်ဖဝါးခံနေသောကြောင့် ကလေးရဲ့ခေါင်းမနာဘဲ သူလက်သာနာမည်ဖြစ်သည်။ဒီကလေးလေးကို တစ်စုံတစ်ခုအထိခိုက်မခံနိုင်အောင် ချစ်နေရပါသည်။

ကားပေါ်တတ်ဖို့အရေးတယုတယလုပ်ပေးနေတဲ့ Boss ကြောင့် ဒီကောင်လေး ဘယ်လောက်အရေးပါနေပြီလဲဆိုတာ ဇေယျနိုင် ခန့်မှန်းမိနေလေပြီဖြစ်သည်။

''အကိုလေး ခြေထောက်သက်သာသွားပြီလား...''

''ဟိုအကို.... အဲ့နေ့ကကျေးဇူးတင်စကားမပြောလိုက်ရဘူး.....''

''ရပါတယ် ...''

ရိပ်တို့စကားပြောနေတာကို စူးစိုက်ပြီးကြည့်နေတဲ့ မျက်ဝန်းကိုတော့ ရိပ်နဲ့ဇေယျမသိပေ။

''ဟုတ် ရိပ်နာမည်က မိုးရိပ်သက်တန့်ပါ အကိုနာမည်ကရော.....''

''ကျွန်တော်နာမည်က ဇေယျနိုင်ပါ အကိုလေး....''

''ရိပ်လို့ပဲခေါ်ပါ အကိုလေးခေါ်ရအောင် အကိုဇေယျရဲ့သူဌေးမှမဟုတ်တာ....''

''အဲ့ဆို ရိပ်လေးလို့.''

ဇေယျစကားတောင်ဆုံးအောင်မပြောနိုင်လေ၏။ဘာလို့ဆိုအနောက်ကြည့်မှန်ထဲကနေ ဘယ်အချိန်ကတည်းကသဝန်တိုနေတဲ့ပုံစံအကြည့်တွေနဲ့သူကိုစူးစိုက်ကြည့်နေမှန်းမသိတဲ့ boss ရဲ့အကြည့်တွေ ကြောင့်ပင်။ဇေယျတွံ့တွေးတစ်ချက်မျိုချလိုက်မိတော့၏။

''ရတယ် အကိုလေးလို့ပဲခေါ်တော့မယ် ဒါနဲ့ဘယ်ပို့ပေးရမှလဲ.....''

''ကစားကွင်းပို့.....''

''ဟုတ်......''

Boss ရဲ့အကြည့်တွေကြောင့် ပြာပဲဖြစ်မလား စံအိမ်ရောက်မှ သေနတ်စာပဲမိမလား မသိတာကြောင့် ဇေယျမြန်မြန်မောင်းရတော့မည်။

''ကလေး စောစောကကလေးသူငယ်ချင်းလား....''

''ဟုတ်တယ် ဦးစေ သူနာမည်ဆက်နေရောင်မင်းလေ....''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now