အပိုင်း၄၂(Unicode/Zawgyi)

570 13 0
                                    

Unicode

စေတန်ပြန်နိုးလာတော့ Baby က သူ့ရင်ခွင်ထဲ အသက်ရှုပုံမှန်လေးဖြင့် အိပ်ပျော်နေသည့် Baby လေးကို မြတ်နိုးစွာ ကြည့်မိလိုက်လေ၏။ဒီကလေးငယ်က သူ့ကြောင့်ထိခိုက်ရတာ ၂ ကြိမ်တိတိ ရှိနေလေပြီ။အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးမယ့်ပြောပြီး သူ့ကြောင့်နဲ့ပဲ ထိခိုက်နေရသည့် ကလေးငယ်လေးကို အားနာရပေမယ့် လက်လွှတ်မပေးနိုင်ပါ။ထို့ကြောင့် ဒီကောင်ငယ်လေးကို တတိယဆိုတဲ့ထိခိုက်မှုမျိုးမဖြစ်အောင် သူ့ရဲ့အသက်နဲ့လဲကာကွယ်စောင့်ရှောက်မည်။နောက်တစ်ခါသာ Baby ကို ဒီလိုဆေးရုံပေါ်မြင်ရရင် သူ့ကိုယ့်သူ့ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

"ဦး"

"အဟွန်း ချစ်စရာလေး နိုးပြီလား Baby"

"ဟုတ် ဘယ်အချိန်ရှိပြီလဲ ဦး"

"နေ့ခင်း၁၁ရှိပြီ Baby တစ်ခုခုစားပြီး ဆေးသောက်ရအောင်နော်"

"ဟုတ်"

"Baby လိမ္မာတယ် ခနနေအုံး ဦး Baby မျက်နှာသစ်ဖို့အတွက် ရေနွေးနွေးလေးသွားယူအုံးမယ်"

"Baby ရော လိုက်ခဲ့မယ်လေ"

"မလိုက်ပါနဲ့ဗျ ဒီတိုင်းလေးထိုင်နေ ဦးရေချိုးခန်းထဲကနေ တစ်ခါတည်းရေစပ်ယူလာခဲ့မယ်နော် မွ"

နဖူးလေးကို နမ်းရင် အခန်းထဲကရေချိုးခန်းထဲဝင်သွားသည့် ဦး။VVIPအခန်းဖြစ်သောကြောင့် ရေချိုးခန်းအိမ်သာတစ်ခါတည်းပါပြီးသားဖြစ်သည့်အပြင် အတော်လည်းကျယ်ပြီး သန့်ရှင်းသပ်ရပ်လေ၏။ပြီးနောက် စားစရာအသီးတွေထည့်ဖို့အတွက် ရေခဲသေတ္တာအသေးစားလေးကိုပါ အခန်းထဲထည့်ပေးထားလေသည်။အခန်းအပြင်ကိုကြည့်ရုံနဲ့အတော်ဈေးပေးရမည့် လူနာခန်းဆိုတာ တန်းသိနိုင်လေသည့် အနေအရိပ်အခန်းကို ကုတင်ပေါ်ကနေ ကြည့်နေတုန်း လက်ထဲက ဘာတွေထည့်လာမှန်းမသိတဲ့ ချိုင့်အကြီးချိုင့်အငယ်တွေနဲ့အတူတူအကိုဇေယျနိုင်ဝင်လာလေသည်။

"အကိုလေး သက်သာလား"

"သက်သာပါတယ် ဦးက ရေချိုးခန်းထဲ ခန ဝင်သွားတယ် ခနထိုင်ပါအုံးနော်"

ရိပ် အကိုဇေယျကို ပြောနေတုန်း ဦးရေချိုးခန်းထဲကနေ ရိပ်အတွက် မျက်နှာသစ်ဖို့ ထည့်လာတဲ့ရေခွက်လေးနဲ့အတူတူ မျက်နှာသုတ်ဖို့တဘတ်လေးကိုပါ တစ်ခါတည်း ယူလာသော ဦး။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Donde viven las historias. Descúbrelo ahora