Unicode
S Hotel တွင် လူတွေအရင်ထပ်ပိုမိုစည်ကားနေသလို အခမ်းအနားတစ်ခုလည်း ရှိနေလေသည်။ထိုအခမ်းအနားကတော့ S Group ပိုင်ရှင် ဦးစေတန်အာဏာနဲ့သူ့ရဲ့သက်ဆိုင်သူတို့မင်္ဂလာဧည်ခံပွဲကြောင့်ပင်ဖြစ်၏။
"ငါ့တို့လာပြီ ရိပ် "
ရိပ်ရဲ့အလှပြင်အခန်းထဲကို ဝင်လာတဲ့သူတွေက ရိပ်သူငယ်ချင်းတွေြဖစ်တဲ့ ကြည်ပြာ၊မာန်ခနဲ့အတူတူ ဆက် လည်း ပါလာလေသည်။
"လာလေ ထိုင်ကြ အကိုတအားအထူကြီးမလိုပါနဲ့ နည်းနည်းဆိုရပြီ ကျွန်တော်မနေတတ်လို့"
သူငယ်ချင်းတွေထိုင်ခိုင်းရင် လိမ်းပေးနေတဲ့ မိတ်ကပ်ဆရာဖြစ်တဲ့ ဦးရဲ့သူငယ်ချင်း အယ်လီနာကိုပါ တစ်ခါတည်းပြောလိုက်သည့် ရိပ်။ရိပ်ရဲ့ဆန္ဒအတိုင်းဆို ယောကျာ်းလေးဖြစ်သည့်အတွက်ကြောင့် ဒီတိုင်းထွက်သွားရုံတင်ရနေသော်လည်း အကောင်းဆုံးဆိုသမျှပေးချင်တဲ့ ဦးကြောင့် ရိပ်ခုလိုနည်းနည်းပြင်ဆင်နေရခြင်းဖြစ်သည်။
"အများကြီးမလိမ်းဘူး Rainbowရဲ့သတို့သားလောင်းက တို့ကို စပြီးလာဌားကတည်းက သူ့သတို့သားလောင်းကို နည်းနည်းပြင်ပေးရင်ရပြီလို့ပြောသည့်အပြင် အကောင်းစားဆိုတဲ့အရာတွေကိုပဲ သုံးပေးပါတဲ့လေ တော်ကြာ သူ့ကလေးရဲ့မျက်နှာလေးတစ်ခုခုဖြစ်သွားမှစိုးရိမ်လို့ဆိုပြီး သေချာမှာထားတာ "
မိတ်ကပ်ပြင်ပေးတဲ့အကိုရဲ့စကားအဆုံး ရိပ်တစ်ယောက်ပြုံးမိလိုက်လေသည်။ဦးကအရာအားလုံးကို ကြိုတင်စီစဉ်ထားတာပဲ။မင်္ဂလာဆောင်တဲ့ပတ်သက်တာမှန်သမျှ တစ်ခုမှလစ်လပ်မှုမရှိအောင် ပြည့်စုံအောင် စီစဉ်ပေးနိုင်သည့် ဦးပင်။
"မိုးရိပ်သက်တန့်ရေ ငါ့တိုသုံးယောက်ရှိသေးတာကိုရော သတိရသေးရဲ့လား သူ့ရဲ့ဦးကြောင့် တွေးမိပြီး ငါ့တို့ရှိနေတာ မေ့သွားတာလား"
ကြည်ပြာရဲ့ပြောဆိုမှုကြောင့် ရိပ်ရှက်၍ ပြုံးလိုက်မိသည်။တကယ်လည်း ဦးအကြောင်းတွေးမိရင် သူ့တို့ကိုပါမေ့သွားတယ်မဟုတ်လား။
"အဆင်ပြေပြီးမလို့ အကိုထပ်မလိမ်းတော့ဘူး ဒီတိုင်းလေးပဲထားလိုက်တော့မယ် သဘာဝဆန်ဆန်လေး"
ESTÁS LEYENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
