အပိုင်း၁၄(Unicode/Zawgyi)

1.4K 34 2
                                        

Unicode

ဒေါ်ဟန်နီသက် နောက်တစ်ခါ ကားဟွန်းတီးသောအသံကြားလိုက်လို့ ခြံထဲကနေကြည့်လိုက်တော့ လူကြီးလူကောင်းဆန်ဆန် လူငယ်တစ်ယောက်ကြောင့် ဒေါ်ဟန်နီသက်လည်း လျှောက်သွားလိုက်ပြီး တံခါးဖွင့်ကာ မေးရတော့သည်။

''မောင်ရင် ဘာကိစ္စလဲ''

''ရိပ်ျလးဆီလာတာပါ''

''သားရဲ့အသိလား ''

''ဟုတ်တယ်ပဲဆိုပါတော့ အန်တီ ရိပ်ကလေးနေမကောင်းဘူးဆိုလို့ လာတာပါ.....''

''အော်အေးအေး အိမ်ထဲလာခဲ့လေ.....''

''ဟုတ်..... ''

''ကားကိုအဆင်ပြေတဲ့နေရာရပ်လိုက်......''

ဇေယျကိုလှည့်ပြောပြီး ရိပ်ရဲ့မာမီအနောက်လိုက်ခဲ့လေသည်။

''သားရိပ်က သူငယ်ချင်းတွေအတော်များတာပဲ စောစောကလည်းတစ်ယောက်လာတယ်.....''

''ဟုတ်......''

''အန်တီသွားနိုးပေးမယ်ဆိုတာကို သူကိုယ်တိုင်တတ်သွားလေရဲ့.....''

''ဟုတ် အန်တီ.....''

စေတန် Baby ရဲ့မာမီစကားတွေနားထောင်ပြီး လမ်းလျှောက်ရင် အိမ်ထဲဝင်လာတုန်း အိမ်အပေါက်ဝအရောက်။

''အား.....''

Baby ရဲ့အော်သံကြောင့် စေတန် စိုးရိမ်သွားရပြီး လက်ထဲက Baby အတွက်ပါလာသောအစားအစာတွေကို Baby မာမီထားခဲ့ပြီး အသံကြားရာ အပေါ်ထပ်သို့ပြေးတတ်လာခဲ့သည်။ကျန်ခဲ့တဲ့ ဒေါ်ဟန်နီသက်မှလည်း သားငယ်အသံကြောင့်လန့်သွားရပေမယ့် ကိုယ့်ထက်စိုးရိမ်ပြီး အပေါ်ကိုပြေးတတ်သွားသော ကောင်လေးကိုပို၍နားမလည်နိုင်ပေ။

ရိပ်ဝင်သွားသော ရေချိူးခန်းထဲကနေ အော်သံကြားလိုက်ရသောကြောင့် ဆက် အမြန်ရေချိုးခန်းအရှေ့အပြေးသွားရပြန်၏။

''ရိပ် ဘာဖြစ်တာလဲ ဒေါက် ဒေါက်.....''

''သွား ငါ့အနားမလာနဲ့လို့ပြောနေတယ်......''

တံခါးခေါက်ကာမေးလိုက်သော်လည်း အဖြေပြန်မရဘဲ သူအနားမလာဖို့ကိုပြောနေသောရိပ်ကြောင့် ဆက်တစ်ယောက်စိုးရိမ်စိတ်များလာရသည်။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now