Unicode
စေတန် ဖြစ်နိုင်ရင် Baby အနားမှပဲ နေချင်သော်လည်း meeting ကိစ္စဖြင့် ဒီမှလာထိုင်နေရ၍ စိတ်ကမကြည်သောကြောင့် အစည်းအဝေးအခန်းထဲဝင်လာကတည်းက မျင်နှာတည်တံ့နေလေသည်။အစည်းအဝေးခန်းထဲက ရှယ်ယာရှင်တွေနဲ့ဝန်ထမ်းတွေခများမှာ တည်တံနေသော စေတန်ကြောင့် တစ်ချက်တောင်အသံမထွက်ဘဲ နေနေလေသည်။
''ရှင်းပြချက်ကတော့ မဆိုးပါဘူး သုအိန္ဒြေထက်"
သုအိန္ဒြေထက် ရှင်းပြချက်အဆုံးပြောလိုက်သော စေတန်စကားကြောင့်ပျော်နေလေသည်။ဒီ company ကို သူမမရောက်လာခင်ကတည်းက စေတန်အာဏာဆိုတာ သူမဘဝရဲ့အကောင်းဆုံးလက်တွဲဖော်အဖြစ်သတ်မှတ်ထားသောကြောင့်ပင်။
''ကျေးဇူးတင်ပါတယ် ကိုစေ......''
''အင်း...... ဒါဆို ကျန်တဲ့ရှယ်ယာရှင်တွေနဲ့ဝန်ထမ်းတွေဘာတင်ပြစရာရှိသေးလဲ......''
''ဟို.....မရှိကြတော့ပါဘူး Boss...... ''
ဝန်ထမ်းတွေလည်း ရှိတယ်လို့မပြောရဲပေ။ဘာလို့ဆို တင်ပြစရာရှိရဲရှိကြည့် အဲ့လူတစ်စစီလုပ်ပစ်မယ် ဆိုတဲ့အဓိပ္ပါယ်တွေပါသောအကြည့်တွေနဲ့ကြည့်လွှတ်နေလေသော သူတို့ရဲ့bossကြောင့်ပင်။
''ok..... ဒါဆို meeting ပြီးပြီ ဇေယျ သွားမယ်......''
သူရဲ့ Baby ဆီကို အမြန်ရောက်ချင်နေသောကြောင့် ဇေယျကိုတောင်မစောင့်တော့ဘဲ အရင်ဆုံးအခန်းအပြင်သို့ထွက်လာခဲ့သည်။
''ကိုစေ...... ''
''ဘာကိစ္စရှိသေးလို့လဲ......''
Baby ဆီအမြန်ရောက်ချင်လို့သွားနေသော်လည်း နောက်ကခေါ်လိုက်တဲ့အသံကြောင့် စေတန်အလွန်စိတ်ပျက်သွားရ၏။
''သုနဲ့နေ့......''
''ငါ့မအားဘူး......''
စကားတောင်မဆုံးသေးကြားကနေဖြတ်ပြောကာ အလောတကြီးထွက်သွားတဲ့စေတန်ကြောင့် သုအိန္ဒြေထက်နားမလည်ဘဲ အနောက်ကနေလိုက်လာပြန်သည်။
''Baby..... ''
ရုံးခန်းတံခါးကိုဖွင့်၍ခေါ်လိုက်ပေမယ့်လည်း အထဲမှဘယ်သူမှရှိမနေချေ။စေတန် ဘယ်သူမှရှိမနေသည့်ရုံးခန်းကိုကြည့်ကာ မျက်မှောင်ကျုံလိုက်မိပြီးနောက်။
ŞİMDİ OKUDUĞUN
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romantizm''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...