Unicode
ကျောင်းပိတ်နေ့ဖြစ်သည့်အတွက် ဦးက ကျောငိးလိုက်ပို့စရာမလိုရိပ်လည်းအိပ်ရေးဝဝအိပ်နေတုန်း ရိပ်ရဲ့ဖုန်းလေးမြည်လာလေတော့ အိပ်နေရင်းဖုန်းကိုင်လိုက်သည့် ရိပ်။
''Hello...... ''
''Morning Bae...... ''
''ဦး အစောကြီးပဲရှိသေးတာ ပြီးတော့ ဒီနေ့ ကျောင်းပိတ်တယ်လေ.....''
''ဦးသိပါတယ် Baby အသံလေးလွမ်းနေလို့ဖုန်းဆက်လိုက်တာ.....''
''ဦး မနေ့ကညနေကလည်း အတူတူရှိနေတာ ညတောင်ဖုန်းပြောပြီးမှအိပ်တာ ဒါကိုလွမ်းလို့ဆိုတော့ ဦးပိုကိုပိုတာ.....''
''ဒါကေတာ့ Baby ကို ချစ်လို့ကို.....''
''ဟီးဟီး.....''
''ဟောဗျာ ဦးကအတည်ပြောနေတာကို Baby ကရီနေတယ်ဟုတ်လား ကလေးစုတ်......''
''သဘောကျလို့ရီတာကိုရီရဘူးလား......''
''ရီပါဗ်ာ ကလေးလေးကြိုက်သလိုရီပါ.....''
''ဦးရော အလုပ်မသွားသေးဘူးလား......''
''ဦးက Babyနဲ့အတူတူမနက်စာစားပြီးမှအလုပ်သွားမလို့ ခု Baby တို့အိမ်ရှေ့ရောက်နေပေါ့ဗျာ.....''
''ဟင် တကယ်....''
''တကယ်ပါဗျာ မယုံရင် ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်.....''
ရိပ် မယုံတာကြောင့် ပြတင်းပေါက်တံခါးကိုဖွင့်ကြည့်လိုက်တော့ ကားဘေးမှစတိုင်ကျကျရပ်ကာ ဖုန်းကိုင်ထားပြီး ရိပ်ကိုမြင်တော့ လှမ်းပြုံးပြနေသော ဦးပင်။
''ဦး တကယ်ကြီးကိုရောက်နေတာပဲ.....''
''Baby မျက်နှာလေးကိုမော်ဖူးချင်လို့ အရှေ့တော်အမှောက်အရောက်လာရတာပါ......''
''ဦး စကားတတ်.....''
''Baby ကိုမြတ်နိုးမှုတွေကြောင့် ရင်ဘတ်ထဲကနေထွက်လာတဲ့ နှလုံးသားသံစဉ်တွေလေ.....''
''ဟီး အဲ့ဆို Baby ကို ခနစောင့်အုံး မျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်.....''
''ဟုတ်ပါပြီဗျာ..... ''
''ဦးကို ချစ်တယ်.....''
''ပိုချစ်ရပါတယ် ကလေးငယ်..... မျက်နှာသစ်ပြီးရင်ထွက်ခဲ့တော့နော်......''
DU LIEST GERADE
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romantik''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
