Unicode
စေတန် ပြန်ရောက်ကတည်းက Company ရဲ့ အလုပ်တွေရှုပ်နေတာနဲ့ဟိုကောင်လေးဆီသွားမယ်ဆိုတဲ့အစီစဉ်ပျက်ရပြန်သည်။
''Boss ကျွန်တော်ရောက်ပါပြီ ''
''မင်းဟိုကောင်လေးရဲ့အကြောင်းကိုစုံစမ်းခဲ့ ''
''ဗျာ ဘယ်ကောင်လေးလဲ boss ''
''ကားနဲ့တိုက်မိတဲ့ကောင်လေးကိုပြောတာ ''
''ဗျာ ''
''ဇေယျ ခုတလောဘာဖြစ်နေတာလဲ ရူးနေတာလား ''
*ပြောရက်တယ် ရူးနေတာလားတဲ့ သူကြောင့်အံသြနေတဲ့ဟာကို *
''မဟုတ်ပါဘူး ''
''ညနေကျလိုချင်တယ် ''
''ဟုတ် boss ''
*လူများစွမ်းအားရှင်မှတ်နေလားမသိဘူး *
စိတ်ထဲမှတော့ပြောလိုက်လေမိ၏။အပြင်တော့ပြောရဲဘူး ကိုယ့် boss အကြောင်းကိုယ့်သိတယ်လေ။
''အဲ့ဆို ကျွန်တော်သွားတော့မယ် ''
''သွားတော့ ပြီးတော့ Rain ကိုလွှတ်လိုက် ''
ဇေယျလည်းအပြင်ရောက်တော့ အတွင်းရေးမှူးနေရာမှထိုင်နေတဲ့ Rain ကိုပြောလိုက်လေသည်။
''Rain မင်းကိုခေါ်နေတယ် ''
''ဟုတ် ဒါနဲ့အကိုဇေယျကို ဘာတွေပြောလိုက်တာလဲ ''
''မင်းကလည်းစပ်စုတာပဲ ''
''အကိုဇေယျကလည်း သိချင်လို့ပါဗျာ ''
''Boss က....... ''
ဇေယျအကျင့်ယုတ်ကာဆက်မပြောဘဲ ထွက်သွားတော့သည်။ကျန်ခဲ့တဲ့ Rain မှတော့ ဆန့်တငင်ငင်နဲ့ကျန်ခဲ့တော့၏။Rain လည်း ပွစိပွစိပြောရင်း boss ဒေါသအိုးခေါ်ထားတဲ့ဆီကိုသွားရတော့လေသည်။
ရိပ်တို့ ဒီနေ့ကျောင်းသားတွေ့ဆုံပွဲပြီးကတည်းက ဘယ်ဆရာမှမဝင်တော့ အားယားနေလေသည်။
''ဒီနေ့ငါ့မွေးနေ့ ကလပ်သွားရအောင် ''
ဆက် ကနေ ပြောလိုက်တော့ ကျန်တဲ့ကြည်ပြာနဲ့မာန်ခလုပ်မယ်ပြောနေသော်လည်း အင်းမလုပ်အဲမလုပ်ငြိမ်နေတဲ့ ရိပ် ကိုကြည့်ပြီး ရိပ်ရဲ့အဖြေကိုစောင့်နေလေသည်။
VOCÊ ESTÁ LENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...