အပိုင်း၃၁(Unicode/Zawgyi)

1K 20 2
                                        

Unicode

နောက်ရက်ကျတော့ ဦးအိမ်ရောက်ကတည်းက ပျက်ထားသည့်ကျောင်းကိုသွားရန်ပြင်ဆင်ပြီးအောက်ဆင်းလာခဲ့တော့သည်။

''Morning မာမီနဲ့ဒယ်ဒီ''

''Morning သား''

''ဒယ်ဒီတို့နဲ့အတူ မနက်စာစားတော့မလား''

''တော်ပြီမာမီ သားကျောင်းသွားတော့မယ်"

ရိပ်မာမီကိုပြောပြီး ကျောင်းသွားရန်ထွက်လာခဲ့သည်။Bus-stop ရောက်တော့ ကားမရောက်သေးတာကြောင့် ခနစောင့်လိုက်ရသည်။ခနနေကြာတော့ ရိပ်စီးနေကျကားရောက်လာ၍ ကားပေါ်တတ်တော့ ကားမောင်းဦးလေးကြီးကရိပ်ကိုနှုတ်ဆက်လေရဲ့။

''ဒီတစ်ခါလည်း ဘာဖြစ်လို့ပျောက်သွားရတာလဲကွာ''

''ခရီးထွက်နေလို့ ဦးလေး''

''အေးကွာ မင်းကခနခနပျောက်နေတော့တာပဲ''

''ဟုတ်တယ်ဗျ ဟီး''

ရိပ်ကားမောင်းဦးလေးကြီးကို ပြောပြီး ထိုင်နေကျခုံလေးဆီကိုလျှောက်လာခဲ့ပြီးနောက် ထိုင်နေကျခုံလေးရောက်တော့ နားကြပ်လေးတပ်ကာ သီချင်းနားထောင်၍ မျက်လုံးမှိတ်ပြီးလိုက်လာခဲ့လေသည်။ကျောင်းရောက်တော့ ဟိုဟာတွေရှိတဲ့အခန်းကိုသာ တန်းလျှောက်လာခဲ့သည်။

''မိုးရိပ်သက်တန့်တို့များ ငါ့တို့နဲ့ခရီးထွက်သွားတယ်သူအိမ်ကိုပြောပြီး ဘယ်ပျောက်နေမှန်းမသိဘူး''

မာန်ခက မကျေမနပ်ပြောလိုက်လေ၏။

''သူ့ဘာသာဘယ်သွားသွား နင်ကဘာဖြစ်နေတာလဲ ကြည့်ရတာရိပ်ကိုများ''

''ကြည်ပြာ နင်ဆိုသည်မှလည်း ပေးစားဖို့ပဲချောင်းနေ''

''အေး အဲ့ကြောင့်ငါ့ဆန္ဒပြည့်သွားအောင် နင်နဲ့ဆက်ယူလိုက်ကြပါ့လား''

''ကြည်ပြာ!!!''

မာန်ခတစ်ယောက်ကြည်ပြာစကားကြောင့် ဆွေ့ဆွေ့ခုန်နေသလောက် ဆက်တစ်ယောက်ကတော့ ဘာမှမပြောဘဲသူ့တို့နှစ်ယောက်ဘေးကနေ အတွေးလွန်နေသည့်ပုံစံပင်။

''ဟေ့ကောင် ဆက်''

''ဟင်''

''ဘာဖြစ်နေတာလဲ မင်းကြည့်ရတာ ရိပ်မလာတဲ့နေ့ကတည်းက မှိုင်ထွေနေတာ ရည်းစားကပစ်သွားတဲ့အတိုင်းပဲ''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Donde viven las historias. Descúbrelo ahora