အပိုင်း၃၄(Unicode/Zawgyi)

1K 21 2
                                        

Unicode

ရိပ်ဒီနေ့မနက်နိုးလာတာက အရင်နေ့တွေနဲ့မတူဘဲ တစ်ကိုယ့်လုံးလှုပ်မရသည့်အပြင် ထဖို့အတွက်ကိုပင် အားမရှိသလိုဖြစ်နေသည်။အခန်းကိုဝေ့ဝိုက်ကြည့်မိတော့ ဦးရဲ့အခန်းဖြစ်နေလေ၏။

မနေ့ညက ဆက်တို့နဲ့အတူ Bar သွားတုန်း ဆက်ပေးလာတဲ့အရက်ကိုနည်းနည်းသောက်ရုံလေးနဲ့ပူလောင်ပြီးတစ်ခုခုလိုချင်လာသောကြောင့် သန့်စင်ခန်းအသွား ရိပ်နဲ့မသိတဲ့လူတစ်ယောက်က ဖမ်းချုပ်ခံရတော့မလို့ ဖြစ်တုန်း ဦးရောက်လာခဲ့တယ်။အဲ့နောက်ပိုင်းကျတော့ ကားပေါ်မှဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို တဖြည်းဖြည်းပေါ်လာသောဦးနှောက်ကြောင့် ရိပ်မျက်နှာပူထူလာရပြီး စတော်ဘယ်ရီသီးလေးပမာနီရဲနေတော့သည်။

*ငါ့ ဦးမနိုးခင်အမြန်သွားရမယ်.....*

တွေးပြီး သူ့ရဲ့ခါးပေါ်မှရှိနေတဲ့လက်ကိုဖြေးဖြေးချင်းဖယ်ချလိုက်ပြီး ထထိုင်သော်လည်း စိတ်ဆန္ဒအတိုင်းမဖြစ်တဲ့ခန္ဓာကိုယ့်ကြောင့်ပြန်လဲကျသွားရခြင်းနှင့်အတူ နာကျင်မှုကိုပါခံစားလိုက်ရသည်။

''အာ့......''

''Baby ဘာဖြစ်တာလဲ........''

ရိပ်ရဲ့အော်သံကြောင့် စေတန်နိုးသွားရပြီး ပြာယာခတ်စွာမေးလိုက်သည်......

''ဘာမှမဖြစ်ဘူး..... ''

ဘာမှမဖြစ်ပါဘူးပြောတဲ့ Baby က မျက်နှာကြီးရှုံမဲ့စွာထထိုင်နေလေရဲ့။ဒါကြောင့် ဘာဖြစ်လိူ့ဆိုတာသဘောပေါက်သွားသော စေတန်မှတော့ပြုံးစိစိဖြစ်သွားရ၏။

''Baby အရင်ထပ်ပိုနာနေလိမ့်မယ်''

''ဟင်......''

ဦးပြောလာတဲ့စကားကြောင့် ရိပ်မှတော့မျက်နှာတွေပူထူလာရသည်။ဘာလို့ဆိုဦးပြောသည့်အဓိပ္ပါယ်ကိုသိသည့်အတွက်ကြောင့်ပင်။

''ဒါတောင် ဦး Baby ကိုဆေးသေချာလိမ်းပေးထားသေးတယ်.....''

စေတန်သူ့ပြောသောစကားတွေကြောင့် တဖြည်းဖြည်းနီရဲလာသည့် ကလေးပေါက်စမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ကာ စနေမိလေသည်။

''ခုချိန်ထိ Baby တအားနာနေသေးတာဆိုတော့ ညက ဦး.......''

''ဦးစေတန်အာဏာ!!!.....''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now