အပိုင်း၁၂(Unicode/Zawgyi)

1.4K 37 2
                                        

Unicode

နောက်ရက်မနက်ရောက်တော့ ဖျားနေပြီဖြစ်တဲ့ ရိပ်။မနေ့က ကစားကွင်းကပြန်လာပြီး ပင်ပန်းသလိုဖြစ်လာသောကြောင့် မိုးချုပ်မှရေချိုးလိုက်သည့်အတွက် အအေးပတ်ကာ ခုတော့ဖျားနေလေပြီ။

''ဒေါက်.....ဒေါက်.....''

''သားရိပ် ထတော့နော် ကျောင်းသွားရမယ်.....''

''မာမီ သားကျောင်းမသွားတော့ဘူး.....''

အထဲကပြန်ပြောသော သားရဲ့အသံမှ အားနည်းနေသလိုဖြစ်နေ၍ ဒေါ်ဟန်နီသက် အခန်းထဲဝင်လာခဲ့သည်။အခန်းထဲရောက်တော့ အိပ်ရာပေါ်မှလဲနေတဲ့ သားရိပ်ကြောင့် ဒေါ်ဟန်နီသက်မေးရတော့သည်။

''သား နေမကောင်းဘူးလား.....''

ဒေါ်ဟန်နီသက်မေးပြီး ရိပ်ရဲ့နဖူးကိုစမ်းကြည့်တော့ အပူတွေတက်ကာ ဖျားနေလေရဲ့။

''သား နေကောင်းပါတယ်.....''

''သား ဒီလောက်နေမကောင်းတာကို ဘာလို့မာမီမပြောရတာလဲ......''

''ခုမနက်မှ ဖြစ်တာပါ မာမီ......''

''အဲ့ဆို ခနနေအုံး မာမီသားစားဖို့တစ်ခုခုနဲ့ မိသားစုဆရာဝန်ခေါ်လိုက်မယ်"

ဒေါ်ဟန်နီသက် အောက်ထပ်ကိုပြန်ဆင်းလာပြီး မိသားစုဆရာဝန်ဆီဖုန်းဆက်ကာ သားရိပ်စားဖို့တစ်ခုခုပြင်ဆင်ရန် ထမင်းစားခန်းထဲဝင်လာခဲ့သည်။

''သက် ဘာဖြစ်လို့လဲ.......''

ဦးမျိုးနိုင် ပြာယာခတ်နေသော ဇနီးဖြစ်သူကို မနက်စာစားရင်မေးလိုက်မိလေ၏။

''သားရိပ် နေမကောင်းဘူး...... ''

''ဘယ်လိုဖြစ်ရတာလဲ.......''

''ကြည့်ရတာ အအေးပတ်တာနေမှ..... ''

''ဆရာဝန် ခေါ်ပြီးပြီလား.....''

''ခေါ်ပြီးပြီ ခုဆရာဝန်လာလို့ ဆေးပေးခဲ့ရင် တစ်ခုခုစားပြီးဆေးသောက်ရအောင်လို့ ပြင်နေတာ.......''

''အဲ့ဆို ကိုသွားပြီကြည့်လိုက်အုံးမယ်......''

ဒေါ်ဟန်နီသက် အစတုန်းကဘာလုပ်မလို့လဲမေးနေသော ကိုက သူသားနေမကောင်းတာလည်းသိရော ချက်ချင်းသူသားဆီထသွားသောကြောင့် ပြုံးလိုက်မိသည်။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ