အပိုင်း၁၇(Unicode/Zawgyi)

767 22 2
                                    

Unicode

နောက်ရက်မနက်ရောက်တော့ ရင်ခုန်ခြင်းများစွာနဲ့ညတုန်းကအဖြေပေးတဲ့အကြောင်းတွေးမိကာပျော်ရွှင်နေတဲ့ ရိပ်။မနေ့က ဦးစေကိုမထင်မှတ်ဘဲ အဖြေပေးမိလိုက်လေခြင်းပင် ။တကယ်တော့ ဦးစေစတွေ့ကတည်းက ရင်ခုန်ခဲ့ရတဲ့ ရိပ်ပင်။သူအပေါ်သည်းခံနိုင်မှုတွေ ချစ်ပေးနိုင်မှုတွေ အလိုလိုက်ဖြည့်ဆည်းမှုတွေကြောင့် ဦးစေကိုအဖြေပေးမိတာ မှားနိုင်မည်မထင်ပေ။ရိပ်တွေးနေတုန်း စားပွဲမှတင်ထားတဲ့ဖုန်းလေးကအသံမြည်လာတော့ ကြည့်လိုက်ရာ ''ဦးစေ '' ဆိုတဲ့ contant name လေးကပေါ်နေလေရဲ့။

''Morning Baby ဦး အိမ်ရှေ့မှစောင့်နေမယ်နော် ထွက်ခဲ့တော့.''

''ခုမှနိုးတာ...... ''

''ခုမှနိုးလည်း ဦး စောင့်နိုင်တယ် အလျင်စလိုမလုပ်နဲ့ တော်ကြာတစ်ခုခုခိုင်းမိမှကို စိတ်ပူတယ်.''

''ဦးစေ စောင့်နေရတာ ကြာမှပေါ့..... ''

''ကြာတာကဘာမှမဖြစ်ဘူး ဦးရဲ့ Baby လေး မထိခိုက်ဖို့ကပိုအရေးကြီးတယ်.....''

''ဟုတ် ဒါဆို ပြင်ဆင်လိုက်အုံးမယ်.....''

''ဟုတ်ပါပြီဗျာ Baby .......''

ရိပ်လည်း ဦးစေဖုန်းကိုချပစ်လိုက်ပြီး ရေချိုးခန်းထဲပြင်ဆင်ရန် ဝင်လာခဲ့တော့သည်။ဦးစေ စောင့်နေရမှစိုး၍ အမြန်ပြင်ဆင်ကာ အောက်ထပ်အမြန်ဆင်းလာတာကို  ထမင်းစားခန်းမှရှိတဲ့ မာမီကရိပ်ကိုမြင်တော့ မနက်စားစားရန် လှမ်းခေါ်လေ၏။

''သားငယ် မနက်စာစားသွားအုံးလေ.... ''

''တော်ပြီ မာမီ သားနောက်ကျနေလို့ သွားတော့မယ်.....''

''သားငယ် ဂရုစိုက်သွားနော်......''

ဒေါ်ဟန်နီသက်ရဲ့ စကားကိုပင်မကြားဘဲအပြင်ကိုအပြေးထွက်သွားတဲ့ ရိပ်။စေတန် သူ Baby ထွက်အလာကို ကားကိုမှီကာစောင့်နေလိုက်သည်။မကြာခင် အိမ်ထဲကနေ ကလေးတစ်ယောက်လိုသူဆီအပြေးလာနေတဲ့ အရိပ်သေးသေးလေးကို ချော်လဲမှစိုးကာ ရက်တထိတ်ထိတ်နဲ့စောင့်နေရသူက စေတန်အာဏာပင်။

''Baby ဘာလို့ပြေးလာရတာလဲ.. ''

''ဦးစေ စောင့်နေရမှစိုးရိမ်လို့ကို......''

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now