Unicode
မနေ့ကcartoonကြည့်ရင်း အိပ်ပျော်သွားသည့်ရိပ်တစ်ယောက် မနက်ကျတော့ အစောကြီးနိုးလာလေရဲ့။ရိပ်နိုးလာတော့ သူ့ရဲ့ခါးကိုတင်းကြပ်စွာ ဖတ်ထားသော အကြောစိမ်းလေးတွေနဲ့လက်တစ်စုံကြောင့် နိုးနိုးချင်းမျက်နှာလေးထက်အပြုံးတို့ဖြစ်ထွန်းလာသည်။ရိပ်တစ်စုံတစ်ယောက်ကိုကျောပေးအိပ်နေရာမှ ဖြေးဖြေးချင်းခန္ဓာကိုယ့်ကိုလှည့်ပြီး မျက်မှာချင်းဆိုင်ကာ ချစ်ရတဲ့ဦးအိပ်နေသောမျက်နှာပုံစံလေးကို ရင်ခွင်ထဲကနေ မော့ကြည့်မိလိုက်သည်။
*မဲနက်နေသော မျက်ခုံးထူထူလေးနှစ်ခုကြားထဲကနေ အမြဲတမ်းစူးရှနေတဲ့မျက်ဝန်းတစ်စုံပိုင်ဆိုင်ထားသော
ဉီး.......*
*ယောကျာ်းလေးဖြစ်နေပေမယ့် နှာတံလေးကကြည့်ကောင်းစွာ ပိုင်ဆိုင်ထားသည့် ရိပ်ချစ်ရတဲ့သူ......*
*နီရဲသယောင်ဖြစ်ချင်နေသောနှုတ်ခမ်းထူထူလေးကနေ ရိပ်ကိုချစ်တဲ့အကြောင်းတွေပဲ အမြဲပြောတတ်သော ဦး.......*
စိတ်ထဲကတွေးရင် ရိပ်ရဲ့လက်လေးတွေကလည်း စေတန်ရဲ့မျက်နှာလေးပေါ်ဖွဖွတို့ထိနေလေရဲ့။ဒီလိုအရာရာပြည့်စုံနေတဲ့လူမျိုးနဲ့ဆုံတွေ့ရသည့် သူ့ကံကြမ္မာကို ရိပ်တစ်ယောက်ကြံဖန်ကျေးဇူးတင်မိကာ တိုးတိုးလေးအသံထွက်ရီမိသွားသည်။
''ဦးကတကယ့်ကို ပြီးပြည့်စုံနေတဲ့လူမျိုးပဲ အဲ့လိုလူမျိုးပိုင်ဆိုင်ထားရတဲ့ မိုးရိပ်သက်တန့်တော့ ကံကောင်းတာပဲ ဟီး......''
ရိပ်တိုးတိုးလေးရေရွတ်မိရင် သဘောကျနေလေသည်။
''Babyကောင်လေး ပြီးပြည့်စုံတာခုမှသိတာလား......''
''ဟင် ဦး......''
စေတန်သူ့ရဲ့မျက်နှာပေါ်ကိုဖွဖွလေးတို့ထိနေသော Babyလက်လေးကိုဆုပ်ကိုင်ကာ မေးလိုက်တော့ အံ့သြနေသည့် ကလေးပေါက်စလေး။
''ပြောပါအုံး ဦးအတော်မှချောရဲ့လား.....''
''ဦး ဘယ်အချိန်ကတည်းကနိုးနေတာလဲ.....''
သူမေးတာမဖြေဘဲသူကိူပြန်မေးလာသည့် Baby။
''Baby ဦးရင်ခွင်ထဲကလှုပ်လှုပ်ရွရြွဖစ်ပြီး ဦးဘက်လှည့်ကတည်းက နိုးနေတာပါဗျာ.....''
ВЫ ЧИТАЕТЕ
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Любовные романы''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
