အပိုင်း၁၁(Unicode/Zawgyi)

1.5K 38 3
                                        

Unicode

''ကလေး......''

''ဟင် ဦးစေ.....''

''ချစ်တယ်......''

''ဗျာ.....''

''အဟွန်း......''

သူရင်ဘတ်အပေါ်ကနေ ချစ်တယ်ပြောလိုက်တဲ့စကားကြောင့် မျက်လုံးပြူးပြီး သူကိုကြည့်နေတဲ့ကလေးကိုကြည့်ကာ စေတန်အသံထွက်ရီလိုက်မိသည်။

''ဦးစေ လူလာပြီးဘာတွေပြောနေတာလဲ......''

ရှက်ရမ်းရမ်းပြီးအဆုံးထိမသွားဘဲ ပြန်ထွက်မယ်လုပ်နေတဲ့ ကလေးငယ်လေးကို လက်ကဆွဲဖမ်းလိုက်သည်။

''Baby ဘယ်သွားမလို့လဲ ထွက်ပေါက်ကအဲ့ဘက်မဟုတ်ဘူး.....ဟက် ''

''ဦးစေနော်.....''

ပြောရင်း သူရဲ့နောက်ကနေလိုက်လာတဲ့ ကလေး။

''ကလေး ချွေးတွေထွက်နေတယ်...... ''

သရဲအိမ်အပြင်ဘက်ရောက်တော့ စေတန် သူလက်ကလေးနဲ့ရိပ်ရဲ့နဖူးအပေါ်ကချွေးတွေကို နူးညံ့စွာသုတ်ပေးနေလေရဲ့။

''ကလေး ဘာစားချင်လဲ......''

''ဟို ice-cream စားချင်တယ် ......''

''ဖြစ်စေရမှပေါ့.....''

''ဇေယျ......''

စေတန် သူတို့ဘေးနားမှရပ်နေတဲ့ ဇေယျကိုခေါ်လိုက်တော့ ချက်ချင်းထူးလာတဲ့ ဇေယျနိုင်။

''ဗျာ.....''

''ကလေးအတွက်ရေခဲမုန့် သွားဝယ်လာခဲ့.....''

''ဟုတ် Boss..... ''

''ကလေးက ဘာအရသာစားချင်လဲ......''

''ရိပ်က...... ''

''ice -cream အရသာအကုန်ဝယ်ခဲ့ တော်ကြာကလေးဖြေနေရတာမောနေလိမ့်မယ်....... ''

ရိပ်ရဲ့စကားမဆုံးခင်ဖြတ်ပြောလာတဲ့ ဦးစေစကားကြောင့် ဇေယျနဲ့ရိပ်အံ့သြရပြန်သည်။

''မဟုတ်ဘူးလေ ဦးစေ ရိပ်က......''

''ကဲပါ ကလေးပင်ပန်းနေပြီး အရိပ်ရတဲ့သစ်ပင်အောက်မှသွားထိုင်မယ် စကားတွေအများကြီးမပြောနဲ့ ကိုယ့်ရဲ့ကလေးငယ်လေးမောနေလိမ့်မယ်......''

စေတန် ပြောရင်းရိပ်ရဲ့လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်ပြီး အရိပ်ရတဲ့သစ်ပင်ရဲ့အောက်မှခုံတန်းလေးတွေလုပ်ပေးထားတဲ့နေရာကိုခေါ်လာခဲ့လေ၏။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Donde viven las historias. Descúbrelo ahora