Unicode
(A/N Ysabella Cuevas ရဲ့ I like you so much,you'll know it ပါဗျ)
ညနေရောက်တော့ ချိန်းထားတဲ့နေရာကို မျက်နှာဖုံးတပ်ကာ ရောက်လာတဲ့ Black ခေါ် ဆက်။
''Hello...... ဦးစေတန်အာဏာလို လူမျိုးက ကျုပ်ကိုတကူးတကာ ဖိတ်တာဘာကိစ္စများရှိလို့ပါလဲ..''
''ကိုယ့်ရဲ့မြတ်နိုးရာလေးအတွက်ပါ.''
''ခင်ဗျားတစ်ခုခုလွဲနေပြီထင်တယ်......''
''ဟက်......Baby ရဲ့သူငယ်ချင်းဆိုတော့ ကိုယ့်နဲ့ပိုရင်းနှီးအောင်လုပ်ချင်တဲ့သဘောပုံစံဖြင့်ခေါ်ခိုင်းလိုက်တာပါ Black ခေါ် ဆက..်နေ..ရောင်..မင်း.''
သူရဲ့နာမည်ကို တစ်လုံးချင်းပိုင်နိုင်စွာခေါ်လာတဲ့ ဦးစေတန်အာဏာကို ဆက် စူးရဲစွာစိုက်ကြည့်ပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
''ခင်ဗျားက ကျုပ်ကိုပိုင်နိုင်စွာ ခေါ်ရလောက်တဲ့အထိသေချာမှုရှိရဲ့လား.....ဟက်....''
''ဦးနေရောင်ရဲ့ သား Asia Group ဆက်ခံသူ ဆက်နေရောင်မင်းကို ကိုယ့်လိုလူကမသိရင် ကိုယ့်ညံ့ရာကျသွားမှပါ့.......''
''ခင်ဗျားလိုလူမျိုးက မသိတာမရှိဘူးလို့အမှောင်ဘက်ကလူတွေပြောတာအလကားမဟုတ်ဘူးပဲ......''
''မင်းမြှောက်လွန်းနေပါပြီ......''
''Nice to me you ဦးစေတန်အာဏာ.......''
မျက်နှာဖုံးချွတ်ကာ သူကိုနှုတ်ဆက်လာတဲ့ ဆက်။
''ဟွန့် ကိုယ့်ကမင်းနဲ့တွေ့ရတာက ကောင်းသောတွေ့ဆုံခြင်းဖြစ်ဖို့မျှော်လင့်ပါတယ်..''
''ကြည့်ရတာ ဦးစေတန်အာဏာ ကျုပ်အပေါ်မကျေနပ်တာများရှိလို့လား...''
''မရှိသေးပါဘူး ရှိလာရင်လည်းဒီလိုတွေ့ဆုံမှုမဟုတ်ဘူးဆိုတာ မင်းသိမှပါ......''
ခြိမ်းခြောက်မှုတွေပါနေတဲ့စကားလုံးတွေပြောနေသည့်စေတန်လိုလူမျိုးကိုတခြားသူတွေကြောက်နိုင်ပေမယ့် ဆက်လိုလူမျိုးကတော့ အော်ရီလိုက်သည်။
''ဟားဟား.....ကျုပ်ကလည်းခြောက်တိုင်းကြောက်တဲ့အထဲမပါတော့ခက်သား......''
ВЫ ЧИТАЕТЕ
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Любовные романы''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
