Unicode
ဆေးရုံကနေ ဆင်းပြီးကတည်းက ရိပ်ကို မျက်စိအောက်နေ အပျောက်မခံသည့်အပြင် ဘယ်သွားသွား သူ့ကိုယ်တိုင်လိုက်ပို့ပေးတတ်သော ဦးဆိုတဲ့လူကြီးပင်။ရိပ်ရဲ့မိဘတွေအတွက် လုံခြုံရအောင်ဆိုပြီး ဒယ်ဒီနဲ့မာမီမသိအောင် သက်တော်စောင့်တွေ ထားပေးပြန်လေ၏။ရိပ်ကိုလည်း မိဘတွေဆီက ခွင့်တောင်းပြီး သူ့အိမ်ပဲ လာနေခိုင်းသောဦး။ခုလည်း ရိပ် အိမ်ထဲ နေရတာပျင်းလာသည့်အတွက်ကြောင့် အပြင်ထွက်ရအောင်ပြောနေတာကို ခုထိ အင်း အဲ မလုပ်ဘဲ သူ့လုပ်ငန်းကိစ္စတွေကိုသာ လုပ်နေလေရဲ့။
"ဦး "
"Baby ဦး မပါဘဲ ဘယ်မှမသွားရဘူး"
ဦးရဲ့စကားအဆုံး ရိပ် နှုတ်ခမ်းစူမိလိုက်လေ၏။ဘယ်လိုပြောပြောမရတဲ့ ဦးလူဆိုးကြီး။
"မသွားရဘူးဆိုလည်း မသွားဘူးပေါ့ ဟွန့်"
သူ့သွားချင်တာ မသွားရ၍ နှုတ်ခမ်းစူ စိတ်ကောက်ပြီး အပေါ်ထပ်သို့တတ်သွားလေသည့် Baby။ကျန်တာလိုက်လျောနိုင်ပေမယ့် Baby အတွက် အန္တာရာယ်ဖြစ်နိုင်သည့်အရာမှန်သမျှ စေတန်အာဏာလုံးဝခွင့်မပြုနိုင်ပေ။ဒါကြောင့် Baby ကို သူ့မပါဘဲ အပြင်ထွက်ခွင့်မပေးဘူးဆိုတာကို အပြတ်ငြင်းလိုက်ရခြင်းဖြစ်သည်။ခုတလော သူ့ကိုယ်တိုင်ကလည်း မင်္ဂလာဆောင်ကိစ္စအပြင် Baby အတွက်သီးသန့်လုပ်ပေးချင်တဲ့ကိစ္စတစ်ခုကြောင့် ပိုအလုပ်ရှုပ်နေလေခြင်းဖြစ်သည်။
ခုတော့ ကောက်သွားတဲ့အဆိုးလေးကို ချော့ဖို့စေတန်ပြင်ဆင်ရတော့မည်။မဟုတ်ရင် ချက်ချင်းမချော့ဘဲ နည်းနည်းလေးနောက်ကျသွားခဲ့ရင် သူ့ကို လက်ထပ်တော့မှမလို့ မချစ်တော့ဘူးဆိုတဲ့ မဟုတ်သောအတွေးတွေတွေးကာ ငိုနေမှစိုးရိမ်ရလေ၏။
"Boss ဘာအလိုရှိလိုပါလဲ"
လုပ်လက်စလုပ်ငန်းတွေကို အကုန်ပစ်ထားခဲ့ပြီး အဆိုးလေးကို ချော့ဖို့အတွက် မီးဖိုချောင်းအခန်းထဲ ဝင်လာတဲ့ စေတန်အာဏာကို အိမ်တော်ထိန်းကြီး မေးလိုက်လေသည်။
"ဘာမှမလိုဘူး ဦးလေး အဆိုးလေးစိတ်ကောက်သွားလို့ ချောဖို့အတွက် လာလုပ်ပေးတာ"
VOCÊ ESTÁ LENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
