Unicode
''ဦး Baby ကို....နမ်းပြီးသတ်နေတာလား......''
ဦး နမ်းနိုင်ပုံကို ရိပ် လက်ဖျားခါလောက်သည်။ခုတော့ သူ့မှသာ မနည်းအသက်ဝအောင်ရှုနေရလေ၏။
''ဦးအသက်လေးကို သတ်စရာလား.....ရင်ခွင်ထဲပဲထားချင်တာ......''
''ဟွန့်.....''
ရိပ် ဦးပြောစကားကြောင့် မကြည်သောအကြည့်နဲ့ကြည့်လိုက်သည်။
''ဟားဟား......''
စေတန် သူ Baby ဖြစ်ပုံလေးကို တကယ်ကိုချစ်ဖို့ကောင်းပြီးသဘောကျစရာလေးမလို့တဟားဟားအော်ရီနေတုန်း ဆိုင်ဝန်ထမ်းလေးက သူမှာထားတာတွေကိုလာချပေးပြီး ချက်ချင်းအမြန်လှည့်ပြန်သွားလေသည်။ချပေးထားသောရှမ်းခေါက်ဆွဲကို ရိပ်အတွက် သေချာနယ်ပေးနေသော စေတန်အာဏာ။
''ရော့ Baby အတွက်......''
''ဟုတ်......''
''Baby ဖြည်းဖြည်းစား တအားအလောတကြီးမစားနဲ့......''
''ဟုတ်.....''
ရိပ်စားနေတာကို ဂရုတစိုက်ကြည့်ကာပြောနေတဲ့ ဦး.....
''ဦးလည်း စားလေ.....''
''ဟုတ်ပါပြီဗျာ......''
စေတန်တို့မနက်စာစားပြီးတော့ bill လာကောက်တဲ့ ကောင်လေးကို အပိုပါထည့်ပေးလိုက်သည်။ဘာလို့ဆို သူတို့နမ်းတာကိုအလိုက်တသိရှောင်ပေးလို့ဖြစ်လေ၏။
ဒီကိစ္စ Baby တော့မသိခဲ့ပေ။Baby သာ သိရင် သူကိုဘယ်လောက်တောင်စိတ်ဆိုးမလဲမသိနိုင်လေ၏။စားသောက်ပြီးတော့ ရိပ်ရဲ့ကျောင်းကိုလိုက်ပို့လေသည်။ကျောင်းရှေ့ရောက်တော့
''Baby ဂရုစိုက်နော် ညနေကျရင် ဦးလာကြိုမယ် စောင့်နေနော်...... ''
''ဟုတ် အဲ့ဆို Baby သွားတော့မယ်.....''
''ဦးကို အနမ်းလေးမပေးချင်ဘူးလား......''
''မွ..... Baby သွားပြီ ဦး.....''
နှုတ်ခမ်းလေးကို မွကနဲ့ နမ်းပြီးကားပေါ်ကနေ ဆင်းပြေးသွားတဲ့ Baby ကို စေတန် မြင်ကွင်းထဲကအရိပ်ကလေးပျောက်သည့်အထိကြည့်နေလိုက်ပြီးနောက်။
''ဇေယျ Company မောင်း......''
''ဟုတ် Boss...... ''
ဇေယျလည်း Boss ပြောသည့်အတိုင်း ကျောင်းကနေ company ကို ဦးတည်မောင်းလိုက်သည်။ရိပ် အတန်းထဲရောက်တော့ ဆက်တစ်ယောက်သာ တွေ့လိုက်ရ၏။
VOCÊ ESTÁ LENDO
မထင်မှတ်ထားသော ချစ်ခြင်း (Completed)
Romance''Baby ဆိုးနေရင်တောင် မှန်ကန်သောအဆိုးမလို့ ကြိုက်သလောက်ဆိုး ဦးကအမြဲနောက်မှရှိတယ်..... '' စေတန်အာဏာ ''ခင်ဗျားက အမှောင်ခြမ်းဘက်မှဘုရင်တစ်ဆူဆိုတာကျုပ်ကိုအသိမပေးတာ မယုံလို့လား ဦးစေတန်အာဏာ.....'' ...
