အပိုင်း၃၈(Unicode/Zawgyi)

592 15 7
                                    

Unicode

ဧည့်ခန်းရဲ့စားပွဲပေါ်လေး တင်ထားသော အသံဖမ်းထားသည့်ဘောပင်ပုံစံ အချောင်းလေးရဲ့ခလုတ်လေးကိုနှိပ်လိုက်သော ပထမဆံးထွက်ပေါ်လာသည့်က ရိပ်ရဲ့အသံ။

["Top 1 မှရှိနေတဲ့ဦးကိုပိုင်ဆိုင်ထားသော ကျုပ်က ခင်ဗျားပေးမယ့်ငွေပမာဏာထက်ပြန်ပစ်ပေါက်လို့ရတယ်ဆိုတာသိထားပါ အမကြီး....... ''

''ပြီးတော့ ဦးကိုမြူဆွယ်တိုင်းရတယ်ပြောရအောင် အမကြီးလိုဟိုပေါ်ဒီပေါ်ပုံစံဖြင့်မြူဆွယ်တာတောင် တစ်ချက်လှည့်ကြည့်လို့လား အဲ့ကတည်းကကိုယ့်အဆင့်ကိုယ့်သိ...... ''

''ဦးလိုအရာရာပြည့်စုံနေတဲ့ပိုင်ဆိုင်ထားသောကျုပ်ကိုမနာလိုနေတာလား ဒါမှမဟုတ် ဦးရဲ့စည်းစိမ်တွေကိုမက်မောနေတာလား...... ''

''မင်းသာ ကိုအာဏာရဲ့စည်းစိမ်တွေမက်မောနေလို လိုက်မြူဆွယ်နေတာလေ..... ''

''အိုးဟိုး စည်းစိမ်တွေမက်လိုမြူဆွယ်တယ် အဲ့တော့ဘာဖြစ်လဲ အမကြီးကဝေဘင်နေတာလား.....'']

အသံဖမ်းထားသော အသံလေးကပြီးဆုံးသွားသလို ဧည်ခန်းလေးကလည်း တိတ်ဆိတ်သွားနေဆဲပင်။ထို့နောက် ရိပ်ရဲ့မျက်နှာကို ခုတော့ဘာတတ်နိုင်သေးလဲ ဆိုတဲ့သဘောဖြင့် မော့ချီထားသောမျက်နှာထားဖြင့် စူးစိုက်ကြည့်နေသည့် နန်းမာယာခင်။

"ဒါက မင်းပြောတဲ့သက်သေလား ....."

"အမှန်ပဲ ကိုအာဏာ ဒီလောက်ဆိုသဘောပေါက်ပါလိမ့်မယ် ဘယ်သူလိုလူတွေကစည်းစိမ်မှတ်လို့ လိုက်ကပ်နေတယ်ဆိုတာကိုပေါ့ ......"

စေတန်အာဏာကိုပြန်ဖြေသည့်စကားတွေတိုင်းက ကိုယ့်ကိုယုံကြည်မှုအပြည့်ပင်။ဘာလို့ဆို မကြာခင် ဟိုအကောင်က သူ့မမျက်စိအရှေ့ရင်ပဲ နှင်ထုတ်ခံရတော့မှမလား...။

"Baby ....."

နန်းမာယာခင်စကားအဆုံး ဦးရဲ့ဘေးနားမှထိုင်နေသော သူ့ကိုခေါ်လာသည့် ဦး။

"ဦး ကြိုက်သလို တွေးထင်နိုင်တယ် ဒီကိစ္စမှ Baby မမှားခဲ့သလို အဲ့လိုပြောတာလည်း မလွန်ဘူး ....."

ဦးကိုရ်ပ်အပြတ်သားဆုံးပြောလိုက်မိသည်။.ဘာလ်ု့ဆို ဒီကိစ္စသူမှန်သည့်အတွက်​ကြောင့်ရှင်းလည်းပြမှမဟုတ်သလို ဦး​ဆုံးဖြတ်အတိုင်း လက်ခံမည်ဟူ၍အဆုံးထိတွေးထားသောကြောင့်ဖြစ်၏။

မထင်မှတ်ထားသော ချစ်ခြင်း  (Completed)Where stories live. Discover now